Uni,
You Are My Happiness (Part 35)
ထိန်ယံလင်း၏ အိမ်ထဲသို့ ခြံရံလင်းမှာခြေလှမ်းကျဲကြီးတွေဖြင့်၀င်လာသည်။
အောင်ဇေရဲက ဖုန်းဆက်ပြီး ဖြစ်ပျက်သွားသည့်ကိစ္စတွေကိုအကျိုးအကြောင်းပြောကာခေါ်လိုက်သည်မို့ ထက်ဝေဦးနဲ့အတူ ခရီးထွက်နေရာမှ ကမန်းကတန်းပြန်လာခဲ့တာဖြစ်သည်။
အိပ်ခန်းရှေ့ရောက်တော့ တံခါးပိတ်ထားတာကြောင့် ဇေရဲကိုကြည့်လိုက်သည်။
" တံခါးကအဲ့လိုပဲပိတ်ထားတာ ဒီတစ်ပတ်လုံး အပြင်ထွက်တာဘယ်နှခါမှမရှိဘူး။ အစ်ကိုလည်း Bossစိတ်အဆင်ပြေလာမဲ့အချိန်ထိစောင့်နေပေမဲ့ ဒီတိုင်းလွှတ်ထားရင် အခြေအနေပိုဆိုးလာမှာစိုးလို့ မင်းကိုခေါ်လိုက်ရတာ။"ခြံရံလင်းက ဇေရဲပြောတာနားထောင်ပြီးသည်နှင့် တံခါးခေါက်သည်။
" ကိုကြီး..ကိုကြီး ကျွန်တော်ပါ ခြံရံလင်း ကျွန်တော်တို့စကားနည်းနည်းပြောရအောင်လေနော်။"
အထဲကဘာမှပြန်ဖြေမလာတာကြောင့် ထပ်ပြောရသည်။" တံခါးခဏဖွင့်ပေးလေဗျာ။ဒီလိုပဲနေနေလို့မှမရတာ။
မဖွင့်ပေးရင် တံခါးဖျက်ပြီး၀င်လာမှာနော်။"ဘယ်လိုပြောပြော ဘာမှမကြားရတာကြောင့်
" ဘယ်လိုလုပ်မလဲ ကျွန်တော်တို့တံခါးဖျက်၀င်ကြမလား။"" အခန်းသော့တော့ရှိတယ် ရှာလိုက်မယ်။"
" တော်ပြီ ကြာတယ်။"
ခြံရံလင်းမှာပြောရင်းဆိုရင်း တံခါးကို ခြေထောက်ဖြင့် ကန်ဆောင့်တော့သည်။တံခါးကတော်တော် ခိုင်တာကြောင့် မပွင့်။
ထို့ကြောင့် ခြံရံလင်းကထပ်အော်ပြောသည်။" ကိုလင်း တကယ်မဖွင့်ဘူးလားဗျာ။"
ခြံရံလင်းမှာပြောရင်းစိတ်နည်းနည်းပူလာသည်။
တော်ရုံ ဒီလောက်ဆိုဘယ်လိုဖြစ်နေပါစေ တံခါးလာဖွင့်တာသို့မဟုတ် တစ်ခုခုတော့ပြောလာတော့မှာဖြစ်သည်။" fuck တစ်ခုခုဖြစ်နေတာလားဟ။"
ခြံရံလင်းနဲ့ အောင်ဇေရဲမှာ မျက်လုံးချင်းအကြည့်စုံလိုက်ကြသည်။
ပြီးသည်နှင့် ခြံရံလင်းအချိန်မဆွဲတော့ပဲ မီးသတ်ဆေးဘူးကြီးကိုယူကာ တံခါးကိုရိုက်ဖွင့်တော့သည်။

YOU ARE READING
You Are My Happiness
Romanceဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူမှခေါ်ခွင့်မရှိပေမဲ့ ခင်ဗျားကိုခြွင်းချက်ထားပေးမယ်။ Start Date-7.11.2023 End Date -11.4.2024 ဒီဝတ္ထု...