အပိုင်း (၁) လှိုင်းလုံးတွေကြား ပျောက်ကွယ်ခြင်း

22.9K 1.2K 88
                                    

Uni,

You Are My Happiness (Chapter 1)

နေရောင်ခြည်ဖြင့် တောက်ပနေသောမနက်ခင်းလေးတွင်
နှေးကွေးဖြေးညင်းသော ခြေလှမ်းများဖြင့် ငါးဖမ်းစက်လေးတစ်စီးပေါ်ကို
ထိန်ယံလင်း ခဏတက်လာခဲ့သည်။ ပင်လယ်ပြင်ကြီးကိုကြည့်၍ သူ့ရဲ့ရှုပ်နေသောစိတ်တွေကိုရှင်းရန်ဖြစ်သည်။

ဒီနေ့ နိုင်ငံခြားက၀င်လာတဲ့ ကွန်တိန်နာသ​ေင်္ဘာပေါ်ပါလာသည့် ပစ္စည်းများကိုတစ်ခါထဲလာရောက်စစ်ဆေးရင်း
စစ်ဆေးပြီးချိန်တွင် မပြန်ချင်သေးတာကြောင့် ငါးဖမ်းစက်လှေလေးတစ်စီးပေါ်တက်ရင်း ဆေးလိပ်လာသောက်သည်။

ပင်လယ်ပြင်မှ တိုက်ခတ်နေသော လေစိမ်းများကြောင့် ဆေးလိပ်အခိုးအငွေ့များမှာ မြန်မြန်ဆန်ဆန်ပင် လေဖြင့်ပါသွားသည်။
ခဏမျှကြာချိန်တွင် စက်လှေက ကမ်းမှခွာကာ ထွက်ခွာသည်မို့ ထိန်ယံလင်းပါပါလာတော့သည်။ စက်လှေဦးစီးက သူပါလာမှန်းသိ၍ ပြန်လှည့်ပေးရမလား မေးသည်။

" အိုး ဘယ်လိုလုပ်သူဌေးကပါလာတာလဲ ကျွန်တော်တို့ပြန်လှည့်ပေးရမလား"

ထိန်ယံလင်းတို့ပိုင်ဆိုင်သော စက်လှေများ အချို့သ​ေင်္ဘာများကို ပြန်လည်ငှားထားပေးတာကြောင့် ထိန်ယံလင်းအား သူဌေးဟုခေါ်လိုက်တာဖြစ်သည်။

ထိန်ယံလင်းက ခေါင်းခါရင်း
" ရတယ် မလိုဘူး ဦးလေး ။ စိတ်ပြေလက်ပျောက်ဖြစ်အောင်လိုက်ခဲ့လိုက်မယ် ဒါကဘယ်အချိန်ကမ်းပြန်ကပ်မှာလဲ"

" ညနေစောင်းမှ သူဌေး"

" အင်း လုပ်စရာရှိတာ လုပ်ကြပါ ကျွန်တော့်ကိုဂရုမစိုက်နဲ့ "
ထိန်ယံလင်းထိုသူအားပြောပြီးနောက် သူ့အတွင်းရေးမှူးထံစာပို့လိုက်သည်။

" ငါစက်လှေပေါ်ပါလာတယ် ညနေမှပြန်ရောက်မယ်။ညနေမှဆိပ်ကမ်းမှာပြန်လာကြိုလိုက် "

စာပို့ပြီးချိန်တွင် ကုန်သွားပြီဖြစ်သော သူ့ဆေးလိပ်မီးကိုငြိမ်းလိုက်သည်။
ပြီးနောက် ချက်ချင်းပင်နောက်တစ်လိပ်ထုတ်သောက်သည်။

လွန်ခဲ့သောလများက ကပ်ရောဂါဆိုးတစ်ခုကြောင့် လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းလိုက်ရသည်။ သူတို့Company လုပ်ငန်းတွေပြန်စတင်တာမကြာသေးပေ။ တော်တော်ကြာပြီးမှ ပြန်စသည်မို့ အလုပ်တွေသေအောင်များသည့်အပြင် သူ့ညီငယ်ဖြစ်သော ခြံရံလင်းမှာချစ်သူကောင်လေးကြောင့် အိမ်ကိုပုန်ကန်သွားသည်။

You Are My Happiness Where stories live. Discover now