အပိုင်း (၃) Gay နဲ့ Straight

11.8K 1K 46
                                    

Uni,

You Are My Happiness (Part 3)

ထိန်ယံလင်းတို့နှစ်ယောက်ကျွန်းပေါ်တွင်သောင်တင်နေသည်မှာ၅ရက်ခန့်ရှိပြီဖြစ်သည်။

နှစ်ယောက်သား သဲသောင်ပြင်ပေါ်တွင်ထိုင်ရင်း ပင်လယ်ကြီးကိုငေးကြည့်နေကြသည်။ ထိန်ယံလင်းမှာ အရမ်းမပျော်မရွှင်တော့ဖြစ်မနေ။ အနေအထိုင်နဲ့ အစားအသောက်အဆင်မပြေသည်ကလွဲ၍ သူ့စိတ်များကလွတ်လပ်ပေါ့ပါးနေပြီး စိတ်ရှုပ်စရာအလုပ်များလည်းရှိမနေပေ။

ဇိုင်းမြတ်မဟာမောင်ကလည်း စကာားအပြောအဆိုသိပ်မကောင်း ခပ်ကန်ကန်ပြောတက်သည်ကလွဲ၍ ကျန်တာအကုန်အဆင်ပြေသည်။
မလုပ်တက်မကိုင်တက်သော ထိန်ယံလင်းအား ပစ်တော့မထားချေ။

" ဇိုင်း မင်းပြောကြည့် ငါတို့ကိုလိုက်မရှာတော့တာများလား"

" လိုက်မရှာတာမဟုတ်ပဲ ရှာမရတာ ရှာမတွေ့တာဖြစ်မယ်"

ထိန်ယံလင်းက ပင်လယ်ပြင်ဆီကြည့်နေသော မျက်လုံးများအား ဇိုင်းဆီပို့လိုက်သည်။
" ဘာလို့ရှာမရ ရမှာလဲ။"

" ကျွန်တော် ဒီရက်ပိုင်းပင်လယ်လေတိုက်နှုန်းတွေကြည့်ရသလောက် မကောင်းဘူး။ အခုဒီနားတစ်၀ိုက်ငြိမ်သယောင်ရှိပေမဲ့ တစ်ခြားဘက်တွေမှာ လှိုင်းကြီးပြီး မုန်တိုင်းတွေရှိရင်ရှိနေလောက်တယ်။ အဲ့လိုအချိန်တွင် ဘယ်ငါးဖမ်းစက်လှေမှ ပင်လယ်ထဲလည်းမထွက်ကြဘူး။ လူပျောက်လို့ရှာမယ်ဆိုရက်တောင် အခက်အခဲတွေနဲ့ ခရီးသိပ်တွင်မှာမဟုတ်ဘူး"

" အဲ့လို လှိုင်းကြီးနေတာမျိုးတွေကဘယ်လောက်ကြာမှာလဲ။"

" အတိအကျတော့မရှိဘူး တစ်ခါတလေလည်း ၁လလောက်ပေါ့"

" ဆိုလိုချင်တာက ငါတို့ဒီမှာ၁လလောက်နေရနိုင်တယ်ပေါ့"
ထိန်ယံလင်း လေသံမှာစိတ်ပျက်သွားခြင်းမျိုးေတာ့ရှိမနေပေ။

"အင်း ကျွန်တော်ကတော့ လေတိုက်နှုန်းပေါ်မူတည်ပြီး၁လလောက်စောင့်ကြည့်အုံးမလို့။ဒါမှမဟုတ်  ဒီတိုင်း ဖောင်လေးလုပ်ပြီး ကိုယ့်ဘာသာသွားကြမလား။ တကယ်လို့ ကိုယ့်လူတွေနဲ့မတွေ့ပဲ လမ်းမှာမုန်တိုင်းထပ်မိလို့ ဒီထပ်ပိုဆိုး ပိုေ၀းတဲ့နေရာရောက်သွားရင်တော့မသိဘူး။"

You Are My Happiness Where stories live. Discover now