အပိုင်း (၁၁) Party

9.2K 744 38
                                    

Uni,

You Are My Happiness (Part 11)

ခမ်းနားကျယ်ဝန်းပြီး လူချမ်းသာအသိုင်းအ၀ိုင်းတွေဖြင့်သာပြည့်နှက်နေသော
Party ပွဲကြီးအတွင်းသို့ ထိန်ယံလင်းတို့ပါရောက်လာကြသည်။

ထိန်ယံလင်းမှာ ဇိုင်းနားအသာကပ်ပြီး ခပ်တိုးတိုးသတိပေးပြန်သည်။
" ဇိုင်း ပြောထားတာမမေ့နဲ့နော် သူများကစကားလာပြောရင်တောင်
သဘောတရားလောက်ပဲပြန်ပြော။"

" အင်း ကျွန်တော်သိတယ်လို့။"

ဇိုင်းအား ထိုသို့သတိပေးသော ထိန်ယံလင်းမှာ သူကိုယ်တိုင်ကျ အပြုံးလေးဆင်မြန်း၍လူတိုင်းနဲ့စကားပြောနေရသည်။

ဇိုင်းမြတ်မဟာမောင် ထိန်ယံလင်းအားကြည့်ရင်း ဟန်ဆောင်ပြုံးနေရတာမပင်ပန်းဘူးလားဟုပင်တွေးမိသည်။

ထိန်ယံလင်းနဲ့ စကားပြောနေသော လူများထဲမှ မိန်းကလေးတစ်ယောက် ဇိုင်းအားမျက်စပစ်၍မေးလာသည်။

" ကိုလင်းနဲ့ အတူပါလာတဲ့ဒီကောင်လေးကိုသတိထားမိနေတာကြာပြီ။ မိတ်ဆက်ပေးအုံးလေ ဘယ်သူလဲ။"

" ကိုယ့်လက်ထောက်ပါ။"

ထိုမိန်းကလေးက ဇိုင်းအားတစ်ကိုယ်လုံးသိမ်းကျုံးကာ တစ်ချက်ကြည့်လိုက်ပြီး
" ပုံမှန်ပါနေကြ အတွင်းရေးမှူးထက်သူလေးကပိုမိုက်တယ်နော်။ ဘာလို့များ ကျွန်မဆီမှာကျ သူ့လိုကောင်လေးတွေအလုပ်လာမလျှောက်ကြတာလဲ။ကိုလင်း ကျွန်မဆီမပေးချင်ဘူးလားဟင် "

ထိန်ယံလင်းက ဟန်လုပ်ကာ ခပ်ဟဟရယ်ရင်း ပြန်ပြောသည်။
" မနောက်ပါနဲ့ကွာ"

ထိန်ယံလင်းအားပြောမရတော့ ဇိုင်းမြတ်မဟာမောင်ဆီလက်ကမ်းရင်း
" ဟိတ်ကောင်လေး မမဆီမှာအလုပ်ပြောင်းလုပ်မလား။ လစာကိုမင်းမထင်မှတ်ထားလောက်အောင်ကိုတိုးပေးနိုင်တယ်နော်။"

ဇိုင်းက သူမလက်အားပြန်လက်ဆွဲမနှုတ်ဆက်သည့်အပြင် စကားတစ်ခွန်းပင်ဟန်လုပ်ကာ ပြန်မဖြေပေ။
ထို့ေကြာင့်ထိန်ယံလင်းကပဲ ဇိုင်းမြတ်မဟာမောင်ရှေ့၀င်ရပ်လိုက်ရင် ပြန်ပြောပေးသည်။
" ဟုတ်ပြီကွာ မစနဲ့တော့ ကိုယ့်လက်ထောက်ပြေးသွားအုံးမယ်။ "

You Are My Happiness Where stories live. Discover now