အပိုင်း (၃၂) ပျော်ရွှင်မှုနောက်သို့

5.8K 585 57
                                    

Uni,

You Are My Happiness (Part 32)

ဖေ​ဖော်ဝါရီ၁၄ရက်နေ့ ...

ချစ်သူရည်းစားအတွဲတိုင်း ပျော်ရွှင်ကြည်နူးစွာလျှောက်လည်နေကြသည့်အချိန်တွင် ထိန်ယံလင်းကတော့ မချစ်မနှစ်သက်သော မိန်းကလေးနဲ့အတူ
မင်္ဂလာဆောင်ပွဲအတွက် လိုအပ်သည့်များကိစ္စများစီစဥ်ဆောင်ရွက်နေကြသည်။

" ၂၀ရက်နေ့မှာလက်ထက်စာချုပ်လက်မှတ်ထိုးတာကနည်းနည်းလောသွားတယ်နော် ကိုလင်း။ပြီးတော့လကုန်တန်းမင်္ဂလာဆောင်ပွဲလုပ်မှာ။ ကိုယ်လင်းအဖေကရုတ်တရက်မြန်မြန်ဆန်ဆန်ကြီးစီစဥ်လာတော့ ရွှေတောင်လန့်သွားသေးတယ်။ ဒါပေမဲ့ မြန်မာစံုတွဲ၀တ်စုံလေးကတော့ Designerမမကအမှီလုပ်ပေးမယ်ပြောလို့တော်သေး။လက်မှတ်ထိုးပွဲနေ့ကျအရမ်းရင်းနှီးတဲ့လူကြီးတွေပဲဖိတ်ထားတယ်မလားဟင် "

ကားပေါ်တွင် ရွှေဝင့်ဝါတစ်ယောက်စကားတွေအများကြီးပြောနေသော်လည်း
ထိန်ယံလင်းစိတ်များကပျံ့လွင့်နေသဖြင့် ကြားတစ်ချက်မကြားတစ်ချက်သာ။

" ကိုလင်းလို့..."

ရွှေဝင့်ဝါကသူ့လက်မောင်းတွေကိုင်လှုပ်လာမှ ထိန်ယံလင်းကပြန်ကြည့်သည်။
" ဪ sorryကိုယ်အလုပ်ဆီစိတ်ရောက်သွားတာ။ ဘာမှစိတ်မပူပါနဲ့ ကိုယ့်အဖေတို့သေချာစီစဥ်ထားကြပါတယ်။ ဒီမှာ အလောတကြီးဖြစ်သွားပေမဲ့ USကပွဲမှာတော့ အကုန်စိတ်ကြိုက်ပြင်ဆင်ဖို့အချိန်ပိုရမှာပါ။"

" ဟုတ်ပါတယ်လေ အဲ့ကျရင် ရွှေ့စိတ်ကြိုက်အကုန်လုပ်မှာနော်။ကိုလင်းလည်း
အလုပ်လုပ်တာလည်းလုပ်တာပေါ့ ရွှေတို့ကိစ္စကိုလည်းသေချာလေးအာရုံစိုက်အုံး။"

ထိန်ယံလင်းကခပ်ဖျော့ဖျော့ပြုံး၍ ခေါင်းလေးငြိမ့်ပြလိုက်သည်။

ဒီအတောအတွင်း ဇိုင်းမြတ်မဟာမောင်ကသူ့ဆီမရေမတွက်နိုင်အောင်ဖုန်းတွေခေါ်စာတွေပို့သည်။ သူကိုင်လည်းမကိုင်သလို Company လည်းမသွားဖြစ်ပေ။ အရေးကြီးအလုပ်ကိစ္စတစ်ချို့သာ အောင်ဇေရဲကလာပြသည်။

ဇိုင်းအတွက် ကျောင်းတက်ဖို့ကိစ္စအ၀၀ကို ဇေရဲကိုပြင်ဆင်ပေးခိုင်းထားသော်လည်း ဇိုင်းကခေါင်းမာစွာဖြင့် သူ့ကိုတွေ့ဖို့ကလွဲလျှင် ကျန်သည့်ကိစ္စပြော၍မရပေ။

You Are My Happiness Where stories live. Discover now