Part1(Zawgyi)

1.3K 15 1
                                    

'ချလွင်...ချလွင်'

မှန်တံခါးဆွဲဖွင့်သံနဲ့အတူ ခေါင်းနဲ့ခေါင်းလောင်းထိခတ်သံတွေ၊ခပ်သွက်သွက်ပြေးလာတဲ့ ခြေသံတွေက တနင်္လာနေ့မနက်ခင်းနဲ့မတူ တက်ကြွစွာရှိနေလျက်

"မောနင်း.....အား အချိန်ကွက်တိရောက်လို့ တော်ပါသေးရဲ့၊လီနွန်ရေး ရေဒီယိုဖွင့်ထားပြီလား"

"ဖွင့်ထားပြီးသားပါ Rhymeရယ်၊စက်ဘီးကို ဘယ်လိုနင်းလာခဲ့လို့ ဆောင်းဦးဝင်နေချိန်မှာတောင် ချွေးပျံနေရတာလဲကွာ"

"ဟီး 'ကျွန်တော်နိုင်းလ်ပါ'ဆိုတဲ့ မြန်မာလိုပြောတဲ့အသံလေးကို မကြားလိုက်ရမှာစိုးလို့ပေါ့ကွာ"

"ရူးမယ်၊ရူးမယ်..မင်းလည်း ဒီရုပ်မမြင်အသံကြားနဲ့ပဲ ရူးတော့မယ်"

ကြမ်းပြင်တွေကို ဖုန်စုပ်စက်နဲ့သန့်ရှင်းရင်း ခေါင်းတရမ်းရမ်းဖြစ်နေတဲ့လီနွန့်ကို လျှာထုတ်ပြောင်ပြရင်းသာ Rhymeတစ်ယောက် lockerရှိရာအပြေးသွားလိုက်သည်။နောက်ဖက်မီးဖိုခန်းလေးထဲမှာ သူနဲ့လီနွန်တို့ရဲ့အကူနှစ်ယောက်နဲ့စားပွဲထိုးကောင်လေးတို့လည်း ကိုယ်စီအလုပ်စနေကြတာကို တံခါးချပ်ရဲ့ မှန်လေးကနေတဆင့် မြင်နေရ၏။
Rhymeတစ်ယောက် lockerထဲက chef uniformကို အမြန်လဲဝတ်နေစဉ်မှာပဲ.......

"မင်္ဂလာပါ၊ကျွန်တော်နိုင်းလ်ပါခင်ဗျာ"

"အား...သောက်ရမ်းကြွေတာ အဲ့အသံကို"

ရင်ဘတ်ကိုလက်နဲ့ဖိရင်း သူအော်နေပေမဲ့ ဆိုင်ထဲရှိ ကျန်လူလေးယောက်ကတော့ သူ့ကိုမရှိသလို၊မထူးဆန်းသလိုသာ ပြုမူနေကြသည်။
သူတို့အနေနဲ့ ဒီမြင်ကွင်း၊ဒီလိုပုံကိုမြင်လာခဲ့ကြရတာ BBCကနေ ထိုမောနင်းရှိုး(Morning Show)ထုတ်လွှင့်ကတည်းကပင်။
အင်္ဂလိပ်စစ်စစ်တွေဖြစ်တဲ့ သူတို့လေးယောက်လုံးဟာ အင်္ဂလိပ်-မြန်မာကပြားဖြစ်တဲ့ Rhymeကျေးဇူးနဲ့ ထို'မင်္ဂလာပါခင်ဗျာ ကျွန်တော်နိုင်းလ်ပါ'ဆိုတာကို မြန်မာလိုတောင် လိုက်ပြောတတ်နေပြီပဲလေ။
UK(United Kingdom)နိုင်ငံတွေအနှံ့ နေထိုင်ကြတဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာစကား၊မြန်မာအသံတို့နဲ့ ဝေးကွာနေတဲ့ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ထိုပရိုဂရမ်က လီနွန်တို့အတွက် ဘာမှမသက်ဆိုင်ပေမဲ့ ဆုံးပါးသွားပြီဖြစ်တဲ့မြန်မာလူမျိုးမိခင်ကို အလွမ်းပြေချင်တဲ့ Rhymeအတွက်တော့ တကယ်ကိုအဖိုးတန်အစီအစဉ်တစ်ခုဖြစ်ခဲ့တာပင်။
ဂီတသံစဉ်တွေကို စွဲလမ်းနှစ်ခြိုက်တတ်တဲ့ Rhymeက မိခင်ဘာသာစကားနဲ့သီချင်းတွေကိုလည်း အမြတ်တနိုးတန်ဖိုးထားတတ်တာကို လီနွန်တို့အသိပေ။

Melophile(Complete)Hikayelerin yaşadığı yer. Şimdi keşfedin