Part10

2.4K 317 34
                                    

'ကိုကိုဟာ ကြင်နာတာတွေတကယ်ကိုစွမ်း
ကိုကိုရေ ရူးပြီ...'

"ရိုင်းမ် ကိတ်လာယူနေပြီ"

"အိုခေ အိုခေ၊ရပြီ လီနွန်ရေး
ဒီမှာ ယူသွားပေးပါဦး"

လုပ်လက်စကိတ်ကို ဆက်ပြင်ရင်း ရိုင်းမ်အော်တော့ လီနွန်က အလိုက်တသိနဲ့လာယူပေးသည်။
ဒီနေ့ ဆိုင်မှာ Customerတွေအဝင်များသလို၊ကိတ်အမှာတွေကလည်းများသည်။နောက်ပြီး အယ်လီနာရဲ့နားရက်မို့ ရိုင်းမ်တစ်ယောက်တည်း ဗျာများနေရတာဖြစ်သည်။အယ်လီနာကတော့ မနားဘူးလုပ်ပေမဲ့ ရိုင်းမ်ကတော့ လက်မခံ၊တစ်ပတ်မှာတစ်ရက်တော့ နားကိုနားသင့်သည်မို့ ရိုင်းမ်တစ်ယောက်ပဲ ၂ဆပိုအားထည့်ပြီး လုပ်လိုက်တာဖြစ်သည်။
ကိုကို့အတွက်ရည်ရွယ်တဲ့ သီချင်းဖွင့်ထားရင်း လိုက်ဆိုညည်းရင်းလုပ်နေရတာမို့ ပင်ပန်းတယ်လို့တောင် ရိုင်းမ်မထင်ပါ။သောကြာနေ့ည ကိုကို့ဆီသွားရမယ်ဆိုသည့်အတွေးက ရိုင်းမ်ကိုပိုလို့တောင် တက်ကြွစေသည်။

ခရစ္စမတ်ကာလဆို အဖိုး၊အဖွားတို့ရှိတဲ့ မြို့လေးကို ဂျိုဝီနဲ့အတူ ရိုင်းမ်တို့သားအဖသွားလည်လေရှိပေမဲ့ ဒီနှစ်တော့ အစီအစဉ်ပြောင်းပြီး ဒယ်ဒီပဲ ဂျိုဝီ့ကိုခေါ်ရင်း သွားလိမ့်မည်။ရိုင်းမ်ကတော့ ကိုကိုနဲ့အတူ ပထမဆုံးဖြတ်သန်းရမဲ့ ခရစ္စမတ်ကိုပဲ အမှတ်တရအပြည့်ရှိနေဖို့ အချစ်ရှိရာလန်ဒန်အထိ သွားပါဦးမည်။
ရိုင်းမ် လန်ဒန်ကပြန်လာတော့ ဒယ်ဒီပြောတာကို ပြန်သတိရသည်။*သားက ဒယ်ဒီ့ခြေရာအပြည့်နင်းနိုင်တာပဲ၊တို့သားအဖက မြန်မာလူမျိုးနှစ်ယောက်ကိုမှ ရူးရူးမူးမူးချစ်ကြတာကွ*ဆိုတာပင်။

ဟုတ်လည်းဟုတ်ပါပေရဲ့....ဒယ်ဒီဆို အရွယ်ကောင်းဆဲ၊ရုပ်ရည်ချောမောခန့်ညားဆဲ၊သဘောကျသူတွေ ရှိနေဆဲအရွယ်ပေမဲ့ နံရံမှာချိတ်ထားတဲ့ မာမီ့ပုံကိုကြည့်နေရခြင်းထက် ဘာကိုမှစိတ်မဝင်စား။ရိုင်းမ်ကိုယ်တိုင်က ဒယ်ဒီနောက်ထပ်အိမ်ထောင်ပြုချင်လည်း လက်ခံပါတယ်ပြောခဲ့တာတောင် ဒယ်ဒီက ခေါင်းတရမ်းရမ်းနဲ့သာ ရယ်နေခဲ့ပြီး သားမာမီ ပြန်ရှင်သန်လာခဲ့မယ်ဆိုရင်တော့ ဒယ်ဒီ သူနဲ့ပဲ နောက်တစ်ကြိမ်ထပ်အိမ်ထောင်ပြုမှာပေါ့ကွာလို့ ဟာသနှောရင်း အတည်ပြောခဲ့သူပဲဖြစ်သည်။
ဒယ်ဒီ့ရဲ့ပုံစံကို ရိုင်းမ်ကသိပ်သဘောကျသည်။မာမီနဲ့ပတ်သက်လာရင် အစွမ်းကုန်ချစ်ပေး၊ဂရုစိုက်ပေးခဲ့သူဖြစ်ပေမဲ့ မာမီ့နာရေးမှာ မျက်ရည်ပင်မကျခဲ့။ရောဂါဝေဒနာတွေ ခံစားနေရမှာထက် ကောင်းကင်ဘုံကိုသွားနိုင်တာက ပိုဝမ်းသာစရာဟု ရိုင်းမ်ကိုလည်း နှစ်သိမ့်ပေးခဲ့သေး၏။နောင်တရစရာမရှိအောင် ချစ်ပေးခဲ့သူမို့ပဲ ဒယ်ဒီဟာ နောင်တကင်းစွာနဲ့ လက်လွှတ်ပေးနိုင်လိုက်မှန်း အရွယ်ရောက်လာလေ ရိုင်းမ်နားလည်လာရလေဖြစ်သည်။ရိုင်းမ်လည်း ဒယ်ဒီ့လိုအချစ်မျိုးနဲ့သာ ကိုကို့ကိုချစ်ချင်သည်။မလွန်ဆန်နိုင်သော ခွဲခွာခြင်းအဆုံးသတ်မျိုးမှာ ရိုင်းမ်က ထားခဲ့ရသည်ဖြစ်စေ၊ကျန်ခဲ့ရသည်ဖြစ်စေ နောင်တအကင်းဆုံးဖြစ်နေသည်အထိ ချစ်နိုင်သမျှအချစ်တွေနဲ့ ကိုကို့ကိုချစ်ပေးမည်ဟုသာ ဆုံးဖြတ်ထားသည်။

Melophile(Complete)Where stories live. Discover now