Part17

2.3K 257 15
                                    

"ဪ ဒေါ်ခင်အေးဟန်တို့က ဒီမြေးကိုလွမ်းလို့ တွေ့ချင်တာကို ဉာဏ်ဆင်နေပြန်ပြီဗျာ"

"အဘွားကို စပြန်ပြီသားငယ်ရယ်၊ သားကိုကြိုပြောထားတာ၊ပြန်လာဖို့အတွေးလေးရှိပြီး စီစဉ်လို့ရအောင်လို့"

မြေးအဘွားနှစ်ယောက် စကားနိုင်လုကြပြန်ဦးမစိုးလို့ ဒေါ်လဲ့ရည်တစ်ယောက် ကြားထဲကနေဝင်ပြောရပြန်သည်။
ကိုယ်ကသာ စိတ်ပူနေတာ မြေးအဘွားနှစ်ယောက်က ပြုံးတုံ့တုံ့နှင့် တစ်ယောက်အကြောင်းတစ်ယောက်သိပြီးသားဆိုတဲ့ ပုံစံတွေနှင့်ဖြစ်သည်။

"စိတ်ချပါ မေမေရဲ့၊ နောက်နှစ်ထဲမှာ ပြန်လာခဲ့ဖို့အစီအစဉ်ရှိပါတယ်"

"အင်း ဟုတ်ပါပြီသားရယ်၊ ငါ့သားမျက်နှာလေးတောင် နည်းနည်းချောင်သွားသလိုပဲ
အလုပ်တွေအရမ်းများနေတာလား သား"

"အလုပ်ရောကျောင်းရော စုံနေလို့ပါမေမေ၊မပင်ပန်းပါဘူး အချိန်မအားရုံလေးပဲဗျာ အဟွန်း"

"ပင်ပန်းလည်း ပင်ပန်းမှန်းသိမဲ့ကောင် ဟုတ်ဟန်မတူပါဘူး၊ တစ်အိုးတစ်အိမ်ထူထောင်ချင်လွန်းလို့ ငွေတွေသိမ်းကြုံးရှာနေမပေါ့"

"ဟားဟား...ဒေါ်ခင်အေးဟန်ရဲ့ ခန့်မှန်းချက်တွေကတော့ အမြဲမှန်နေတော့တာပဲဗျာ
မှန်နေတော့လည်း ငြင်းရခက်သားပဲ"

"ကဲပါ...သားလေးလည်း ပင်ပန်းနေဦးမယ် နားတော့လေ၊ အလုပ်တွေချည်းလည်း ဖိမလုပ်ပါနဲ့သားရယ်
ကျန်းမာရေးထိဦးမယ်၊ဂရုစိုက်နော် သား"

"ဟုတ် မေမေ၊စိတ်ချပါ သားကိုယ်သားထိခိုက်အောင် ဘာမှမလုပ်ပါဘူး
ဖွားလည်း နေကောင်းအောင်နေနော်၊နောက်နှစ်ကျ ချစ်စရာမြေးသမက်လေးကို အိမ်ခေါ်ပြီး ပြန်လာခဲ့မယ် ဟုတ်ပလား"

ဖွားအေကိုကျီစယ်ပြီးနောက် ဖုန်းချသွားတဲ့သား
အဖွားဖြစ်သူကလည်း မြေးဆီကပြန်လာမယ်စကားကြားတာနဲ့ မျက်နှာက သိသိသာသာပြုံးနေတာဖြစ်သည်။

"အမေ့မြေးက ဒီကောင်လေးကိုတကယ်ချစ်နေပုံပဲနော် အမေ၊သူတို့ကို ခွင့်ပြုမယ်ဆိုတဲ့အသံကြားတာနဲ့ ပြုံးရွှင်နေရောပဲ"

Melophile(Complete)Where stories live. Discover now