Part13(Zawgyi)

525 14 2
                                    

"နောက်ကျနေပြီကို အမေမအိပ်သေးဘူးလား"

"အမလေး မအိပ်နိုင်ပေါင်တော်၊မအိပ်နိုင်ပေါင်
မွေးရကျိုး၊ကျွေးရကျိုးနပ်လွန်းတဲ့ မင့်သားကြောင့် ကျုပ် အိပ်လို့ကိုမရဘူးဟေ့"

ည၁၀နာရီထိ ဧည့်ခန်းမှာငုတ်တုတ်ထိုင်လျက်သား၊လေသံမာလျက်သားမိခင်နဲ့ ဘေးကနေမျက်စိမျက်နှာပျက်ဖြစ်နေတဲ့ ဇနီးကိုမြင်လိုက်ရတာနဲ့တင် သားတော်မောင်နဲ့ပတ်သက်ပြီး ပြသနာတစ်ခုခုပဲဆိုတာ ဦးမြင်းမိုရ်ဟန်သိလိုက်လေပြီ။
ဆိုဖာမှာအသာဝင်ထိုင်ရင်းပဲ

"သားကဘာပြောလို့လဲ လဲ့"

"အကိုရယ်...အဲဒါက သားကို လဲ့သေချာအောင်အရင်မေး.."

"အိုအေ ဒီလောက်ညည့်သား နွားပြာကြီးအောက်သွားမရှိဖြစ်နေတာကို မြင်ရတာတောင် ဘာသေချာအောင် မေးဦးမလို့လဲအေ့"

"အဲ့လိုလည်းမဟုတ်ပါဘူး အမေရယ်၊ သားက ရွဲ့တတ်တာအမေလည်းသိသားနဲ့"

"လဲ့ရည် လဲ့ရည်...ညည့်သားကို ကာတာလည်းကာပေါ့အေ၊ အဲဒီကောင်ဗိုက်ထဲ အူဘယ်နှစ်ခွေရှိတယ်ကအစ သိနေတဲ့ ငါ့ရှေ့တော့ လာကာမနေနဲ့၊မောမယ်
မြင်းမိုရ် မင့်တော့မကြာခင် စုတ်ဖွားသားမက်ရတော့မဟေ့၊သားမွေးပြီးသားမက်ရမဲ့ မင့်အစား ငါဂုဏ်ယူလွန်းပါဘိတော်"

မျက်မှန်ကိုင်းကို တပင့်ပင့်လုပ်ရင်း ပြောလာတဲ့မိခင်ဖြစ်သူရဲ့စကားက ဦးမြင်းမိုရ်ကို ရုတ်တရက်မင်သက်မိသွားစေသည်။
ဘာကိုဆိုလိုချင်တာလဲ မသိတာမဟုတ်ပေမဲ့ သားဖြစ်သူမှာ ဒီလိုစိတ်မျိုးရှိမယ်မထင်ထားတာကြောင့်ဖြစ်၏။

"ဘယ်လိုဖြစ်တာလဲ လဲ့"

"ခုနက သားကိုဖုန်းခေါ်တော့ သားတိုက်ခန်းမှာ တခြားကောင်လေးတစ်ယောက်ကိုတွေ့တယ်၊ကောင်လေးက ဘိုရုပ်လေးနဲ့ မြန်မာလိုလည်းပြောတတ်တယ်
အဲဒါ လဲ့ကသားကိုမေးကြည့်တော့ သူ့ကောင်လေးတဲ့၊သားက ဒီလိုမိတ်ဆက်ပေးတာမျိုးလည်း လုပ်ခဲ့ဖူးတဲ့သူမဟုတ်တော့ လဲ့လည်းဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး"

"အင်း...ကိုယ် သားနဲ့စကားပြောကြည့်ပါဦးမယ်
အမေ သိပ်လည်းစိတ်ပူပြီးအတွေးတွေမလွန်ပါနဲ့၊အေးအေးဆေးဆေးနားပါ"

Melophile(Complete)Where stories live. Discover now