Part15

2.3K 270 22
                                    

"ကိုယ်လက်မခံနိုင်ဘူး ဘေဘီ၊ခွဲစိပ်မှုပဲလုပ်ကြရအောင်"

"ကိုကို့!"

"ဒီကိစ္စက ပေါ့ပေါ့တန်တန်မဟုတ်ဘူး ဘေဘီ၊၈၀ရာခိုင်နှုန်းဖြစ်နိုင်ချေရှိလည်း ကိုယ်ကတော့ မင်းတစ်ခုခုဖြစ်သွားနိုင်တဲ့၂၀ရာခိုင်နှုန်းကိုပဲ မြင်တယ်၊စိတ်ပူတယ်"

"ကိုကို ဘေဘီနဲ့အတူမိသားစုဘဝမလိုချင်ဘူးလား ဟုတ်လား"

"ကျစ်! ဘေဘီရာ...ကိုယ့်အတွက် မင်းရှိနေရင်ရပြီလေ၊ကျန်တာတွေမလိုဘူး
ဘေဘီက ကလေးချစ်တတ်တယ်၊ကလေးလိုချင်တယ်ဆိုရင် မွေးစားလိုက်၊ကိုယ်ခွင့်ပြုတယ်
ဒီလိုအန္တာရာယ်များတဲ့ကိစ္စကိုတော့ ကိုယ်လက်မခံနိုင်ဘူး"

"အန္တရာယ်မများဘူး ဘေဘီယုံတယ်၊ဘေဘီ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်
ကိုကို့အတွက် ဘေဘီကိုယ်တိုင်မွေးပေးခွင့်ရမဲ့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး"

"ကိုယ်ကတောင်းဆိုနေလို့လား ဘေဘီရဲ့၊မဖြစ်မနေကလေးလိုချင်ပါတယ်လို့ ကိုယ်ကတောင်းဆိုခဲ့ဖူးလို့လား ရိုင်းမ်ဟဲရစ်ဆန်ရဲ့"

"အင့် မသိဘူး မသိဘူး...ကိုကိုကအရမ်းရက်စက်တဲ့လူကြီးပဲ၊ ကိုကိုသာသိရင် ပျော်သွားမှာလို့ထင်ခဲ့သမျှကို ခုလိုရက်ရက်စက်စက်တွေပြောတယ် အီးဟီး"

လက်သီးဆုပ်လေးတွေနဲ့ ထုရိုက်ရင်း ငိုယိုနေတဲ့သူကို  ရင်ခွင်ထဲဆွဲထည့်လို့ဖက်ထားရင်း နိုင်းလ်မှာသောကပွေနေရသည်။
အလုပ်ပြီးတဲ့အချိန် ဖုန်းဆက်တော့ ဖုန်းကိုင်လာသူကလီနွန်၊ ရိုင်းမ် ဆေးရုံရောက်နေတယ်၊ရုတ်တရက်ဗိုက်အောင့်ပြီး သတိလစ်မလိုဖြစ်သွားလို့ဆိုတဲ့သတင်းမှာ ဘယ်လောက်တောင်စိုးရိမ်ခဲ့ရလဲဆိုတာ ကိုယ်သာအသိဆုံး၊ရုံးဆင်းချိန်မှာ တိုက်ခန်းကိုတောင်မပြန်နိုင်ဘဲ အောက်စဖို့ဒ်ကိုပဲ တန်းထွက်လာခဲ့တာ၊အိမ်ပြန်ရောက်နေပြီဆိုလို့ အိမ်ကိုပဲလိုက်လာခဲ့ရပြီး ဘေဘီပြောတဲ့သတင်းက စိုးရိမ်ရေအမှတ်ကို တစ်ဖက်ကမ်းခတ်အောင် ကျော်လွန်သွားစေသည်။
ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေတဲ့ ဘေဘီ့ကိုကြည့်ပြီး တစ်ခုခုဖြစ်သွားမှာစိုးတဲ့စိတ်တို့က အလုံးအရင်းနဲ့ကို ဝင်လာရတာပင်။

Melophile(Complete)Tempat cerita menjadi hidup. Temukan sekarang