Part3

2.5K 336 47
                                    

ဥဓဟိုသွားလာနေကြတဲ့ ကျောင်းသူကျောင်းသားတွေကို တစ်ချက်ဝေ့ကြည့်ပြီးနောက် နိုင်းလ်ရဲ့အလုံးစုံသောအာရုံက ပန်းပင်သစ်ပင်မျိုးစုံရှိေနတဲ့ ကျောင်းဝင်းရဲ့နေရာအနှံ့အပြားကို စူးစမ်းဖို့ဆီသာ ရောက်သွားသည်။
စဖွင့်လှစ်ကတည်းက အမျိုးသမီးသီးသန့်ပဲ တက်ရောက်ခွင့်ရတဲ့ ဒီကောလိပ်က ၂၀၁၅ခုနှစ်မှ အမျိုးသားတွေပါတက်ရောက်ခွင့်ပေးခဲ့တာဟု သိရသည်။
Oxfordမြို့လယ်ခေါင်မှာရှိတဲ့ကောလိပ်၊ဂီတမေဂျာသင်ယူလိုသူေတွအတွက် အကောင်းဆုံးကောလိပ်၊လာရာလမ်းမတစ်လျှောက် ဆိုင်မျိုးစုံနဲ့အလုပ်ဖြစ်နေကြတဲ့ ကောလိပ်၊ကျောင်းဘေးတစ်ခြမ်းမှာလည်း Cherwellမြစ်က ကောင်းစွာစီးဆင်းနေပြီး ကျောင်းရဲ့အလှတရားကို တစ်နည်းတစ်ဖုံပံ့ပိုးနေသေး၏။

ရောင်စုံနှင်းဆီတွေပေါ်မှာ ရိက္ခာစုဆောင်းဖို့ပြင်ဆင်နေတဲ့ ပျားတို့က ဟိုဒီဝေ့ဝဲလျက်
မေပယ်ရွက်တွေကြွေကျနေခြင်းကလည်း ဆောင်းဦးရဲ့လှပတဲ့ကဗျာတစ်ပုဒ်နဲ့ သဏ္ဌာန်တူလေသည်။
ကျောင်းရဲ့လှပမှုတွေကို မှတ်တမ်းတင်နေရခြင်းက သတင်းစာအတွက် ဆရာဝီလျံရေးသားရာမှာ အထောက်အကူဖြစ်စေဖို့ရော၊ကိုယ်တိုင်က ဓါတ်ပုံရိုက်ရတာဝါသနာပါတာကြောင့်ရောဖြစ်သည်။
ဒါကြောင့်လည်း ဝီလျံက ဒီလိုနေရာမျိုးကို ကိုယ့်ကိုအပါခေါ်လာခဲ့တာဖြစ်မည်။သူ့တပည့်ဟာ ကင်မရာတစ်လုံးလွယ်ရင်း သဘာဝအတိုင်းလှုပ်ရှားမှုတွေကို ဓါတ်ပုံရိုက်ရတာကြိုက်တာ သူအသိဆုံးပဲလေ။

"ဟဲလို ဝီလျံ"

"နိုင်းလ် ခဏနေပွဲစတော့မယ်၊မင်းကို ဒီကဆရာတွေနဲ့ မိတ်ဆက်ပေးမလို့ဟာ ဘယ်တွေရောက်နေတာလဲ"

"အာ ကျွန်တော်အပြင်မှာ ဓါတ်ပုံရိုက်နေတာ၊လာပြီဆရာ အခုလာပြီ"

ဝီလျံဖုန်းချသွားမှ ရိုက်လက်စ ပန်းသီးပင်ပေါ်က ကြက်တူးရွေးငှက်ကို မှတ်တမ်းတင်လိုက်သည်။
ကင်မရာချိန်တာနဲ့ ထပြေးတဲ့အရိုင်းငှက်လေးရဲ့ ပျံသန်းပုံကို အမိအရရိုက်ရင်း ဖြတ်ပြေးသွားတဲ့ လူတစ်ယောက်ရဲ့ ရွှေရောင်ဆံပင်ကောက်ကောက်နဲ့ဘေးတိုက်မျက်နှာမသဲမကွဲက ကင်မရာထဲပါလို့လာသည်။ငှက်နဲ့အတူ အပြေးပြိုင်သွားတဲ့လူကို သူလှမ်းကြည့်တော့ ဂီတပွဲတော်ကျင်းပေးတဲ့ ခန်းမရဲ့ ဝင်ပေါက်ကိုတောင် ရောက်နှင့်နေပြီ။
တော်တော်လည်း အပြေးမြန်တဲ့တစ်ယောက်ပါပဲ။

Melophile(Complete)Where stories live. Discover now