Part6

2.3K 290 23
                                    

"လန်ဒန်မြို့ ဘီဘီစီကနေ တိုက်ရိုက်အသံလွှင့်နေပါတယ်၊ကျွန်တော် တင်ဆက်သူနိုင်းလ်ပါ"

ဘယ်နှစ်ကြိမ်ကြားရကြားရ ရိုးမသွားနိုင်တဲ့အသံကို နားဆင်နေသူရဲ့ နှုတ်ခမ်းမှာလည်း ထုံးစံမပျက် အပြုံးပန်းတို့ကတွဲခိုလျက်
ညဘက်တွေလည်း ဖုန်းပြောတာတွေ၊စာပို့တာတွေလုပ်နေပါလျက်ကို ရိုင်းမ်မှာ ဒီအသံကြားရင် ရင်ခုန်နေရစမြဲ

"ဒီနေ့ရဲ့ မောနင်းရှိုးမှာတော့ အထူးအစီအစဉ်အဖြစ် ဧည့်သည်တော်တစ်ယောက်ကို ဖိတ်ခေါ်ထားပါတယ်၊
သူကတော့ လန်ဒန်မှာကျောင်းတက်ရင်း vlogတွေလည်း ရိုက်လေ့ရှိတဲ့ ညီမလေးတစ်ယောက်ပါ။
ဒီနေ့မှာ ဒီညီမလေးကိုဖိတ်ခေါ်ပြီး ပညာသင်ဆုနဲ့ပတ်သက်တဲ့အကြောင်းတွေ၊ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ လန်ဒန်ကိုတစ်ယောက်တည်းထွက်လာခဲ့ရတဲ့ အခက်အခဲတွေနဲ့အမှတ်တရတွေကို ဆွေးနွေးသွားကြမှာပါ။နောက်ပြီး ဆောင်းဦးရောက်နေပြီဆိုတော့ မြန်မာပြည်ဆောင်းအကြောင်းလည်း အမှတ်တရတွေပါမှာပေါ့ဗျာ နော်
ဒါဆို အခုပဲ ကျွန်တော်တို့ရဲ့ဧည့်သည်တော်လေးကို ဖိတ်ခေါ်မိတ်ဆက်ပေးပါတော့မယ်ဗျ"

ရေဒီယိုကတဆင့်ထွက်ကျလာတဲ့ အသံကိုနားထောင်ရင်း ရိုင်းမ်နှုတ်ခမ်းလေးတွေ မဲ့ခနဲဖြစ်သွားရသည်။
အရင်ကတစ်ယောက်တည်းလွှင့်နေကျကို ဒီနေ့ဘယ်ကဘယ်လို တခြားအမျိုးသမီးတစ်ယောက်က ပါလာရပြန်တာလဲ။ညီမလေးလို့ နိုင်းလ်ကခေါ်နေတာကိုလည်း မကြိုက်လှပါဘူး။နိုင်းလ်ကလည်း နာမည်မခေါ်ဘဲ ဘာလို့များ ညီမလေးလို့ခေါ်ရတာလဲလေ။

"မင်္ဂလာပါ ညီမဟေမာန်"

"ဟုတ် မင်္ဂလာပါအစ်ကို"

"ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးခန်းဆိုတော့ ခံစားချက်က ဘယ်လိုဖြစ်နေလဲ နည်းနည်းပြောပြပေးပါဦး"

"ဟုတ် ပထမဆုံးအကြိမ်ဆိုတော့ တော်တော်ရင်ခုန်နေရပါတယ်၊နောက်ပြီး ကိုနိုင်းလ်နဲ့တွေ့ပြီးဆွေးနွေးရမယ်ဆိုတော့ ပိုပြီးစိတ်လှုပ်ရှားသလို၊ဂုဏ်ယူတဲ့ခံစားချက်မျိုးလည်း ရပါတယ်ရှင့်
နားဆင်နေကြမဲ့ ပရိတ်သတ်ကြီးသိအောင် ပြောရမယ်ဆိုရင် ကိုနိုင်းလ်က အတော်ချောပြီးခန့်ပါတယ်လို့ ဟီးဟီး"

Melophile(Complete)Where stories live. Discover now