Part11

2.4K 274 33
                                    

'ကိုကိုရေ ဘေဘီလာနေပြီနော်သိလား၊ကိုကို့အခန်းကနေပဲ စောင့်နေမယ်နော်'

Kiss emojiလေးတွေပါသည့် ချစ်စရာစာတိုလေးကို အပြန်အပြန်အလှန်လှန်ကြည့်နေမိပေမဲ့ ကြည့်လို့အားမရနိုင်၊
ဒီဇင်ဘာ၂၄ရက်ကနေနှစ်သစ်ကူးပြီးတဲ့အထိ ကဖေးဆိုင်ကပိတ်တာမို့ ၂၃ရက်ညနေမှာတော့ ဘေဘီတစ်ယောက် ကျွန်တော်ရှိရာလန်ဒန်ကို လာနေပြီပဲဖြစ်သည်။
အန်ကယ်ကလည်း ဂျိုဝီ့ကိုခေါ်ပြီး ဆွေမျိုးတွေရှိတဲ့နယ်ကို သွားပြီမို့ ဘေဘီတစ်ယောက် အလုပ်ဆင်းတာနဲ့ ချက်ချင်းထွက်လာပုံပါပဲ။

ရှားရှားပါးပါး အတူရှိရချိန်လေးတွေဖြစ်မှာမို့ ဒီရက်တွေအတွက် ကြိုတင်ရင်ခုန်နေမိတာတော့ အမှန်။ဒီလိုဆိုလို့ အတူမရှိကြရဘူးလားမေးရင်လည်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ညနေတိုင်းရောက်သွားတဲ့ လန်ဒန်-အောက်စဖို့ဒ်၊ အောက်စဖို့ဒ်-လန်ဒန်ခရီးစဉ်တွေက ကိုယ်တို့နှစ်ယောက်ကို လှောင်နေလိမ့်မည်ထင်ပါရဲ့။

"နိုင်းလ်"

ဓါတ်လှေကားစောင့်ရင်း ဖုန်းကြည့်နေခိုက် ကြားလိုက်ရသည့် ခေါ်သံသည် ဖီးလစ်အသံမှန်း လှည့်မကြည့်တောင် သူသိနေလေပြီ။သို့သော်လည်း ဆရာသမားကို လှည့်မကြည်လို့မရတာမို့ နောက်ပြန်လှည့်ကြည့်လိုက်ပြီး

"ဟုတ် ဖီးလစ်၊ကျွန်တော့်ကိုပြောစရာရှိလို့လား"

"အေး နောက်နှစ်ထဲမှာ ရေဒီယိုပရိုဂရမ်အသစ်တစ်ခု ထပ်လုပ်ဖို့ အခုပဲမီတင်လုပ်ပြီးလာတာ"

"ဪ ကောင်းသားပဲ၊လုပ်လေ"

"ဟိတ်ကောင် မင်းစကားကို အဲ့ထက်ပိုပြီး လေးလေးနက်နက်ပြောလို့မရတော့ဘူးလား၊မင်း ရည်းစားကိုလည်း ဒီလိုပဲပြောသလားကွ ဟမ်"

"ဟော...ဆရာရယ် အဲဒါဆို ပရိုဂရမ်အသစ်ကို မကောင်းဘူး၊မလုပ်နဲ့လို့ ကျွန်တော်ကပြောရမလားဗျာ"

"ခွေးကောင်...စကားကိုအရူးကွက်နင်းပြီးမပြောနဲ့၊ငါဆိုလိုချင်တာ အဲဒါမဟုတ်တာ မင်းသိတယ်
ကဲ ငါဒဲ့ပဲပြောမယ်၊ပရိုဂရမ်အသစ်မှာ မင်းလည်းပါရမယ် ဒါပဲ"

"ဘာသတင်းအချက်အလက်မှ မသိရဘဲ ကျွန်တော်က ဘယ်လိုလက်ခံရမလဲ ဖီးလစ်ရဲ့၊ကျွန်တော်က ပြီးစလွယ်ခေါင်းညိတ်၊ပရိုဂရမ်မှာပါပြီးမှ ကျွန်တော်နဲ့အဆင်မပြေတဲ့အစီအစဉ်ဖြစ်နေရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလေ"

Melophile(Complete)Where stories live. Discover now