Part23(Zawgyi)

406 9 0
                                    

'ချလွင် ချလွင်'

"ရေး ကိုကိုလာပြီ"

"သောက်ပိုတွေဟေ့"

ဆိုင်ထဲဝင်လာတဲ့ ကိုကို့ဆီကို အပြေးသွားပြီး ဖက်တွယ်တက်လိုက်သလို ကိုကိုကလည်း အလိုက်သင့်ပြန်ပွေ့ပေးထားရင်း အနမ်းချိုချိုတွေပေးနေလျက်၊
ဒါကိုပဲ ကော်ဖီစက်တွေနားမှာ ငုတ်တုပ်မေ့နေတဲ့ လီနွန်တစ်ယောက်က မရှုစိမ့်နိုင်တွေဖြစ်ပြီး မဲ့ရွဲ့ကာထအော်နေတာ။တစ်သက်လုံး ကော်ဖီစေ့တွေနဲ့ပဲ နေသွားရမဲ့သတ္တဝါကို ကိုကိုပွေ့ထားလျက်ကနေပဲ နောက်ပြန်လှည့်ရင်း မျက်စောင်းထိုးပေးလိုက်တော့၏။

"နိုင်းလ် ခင်ဗျားလည်း ဒီအရူးကောင်ကို အရမ်းအလိုလိုက်နိုင်တာပဲနော်၊ဘာလုပ်လုပ် ပြုံးနေတာ နောက်တစ်ကိုယ်ခွဲရောက်လာသလိုပဲ"

"ချစ်တာကိုးကွ နော် အသည်းလေး"

"အွန်း ဟုတ်တာပေါ့"

"အိုး ငါမှားတာ၊ပြောမိတဲ့ငါ မှားတာပဲ"

ကိုယ့်နဖူးကိုယ်ပြန်ရိုက်ရင်း လီနွန်တစ်ဖက်ပြန်လှည့်သွားတော့မှ ရိုင်းမ်လည်း တဟိဟိရယ်ရင်း ကိုကို့အပေါ်ကဆင်းလိုက်သည်။
ဆိုင်အတွင်းမှာ ထိုင်နေတဲ့စားသုံးသူတွေမရှိတာမို့လည်း အားလုံးလွတ်လပ်စွာစနောက်ရင်း ပျော်နေကြတာဖြစ်၏။

"ကိုကို ခဏထိုင်ဦးနော်၊ကိုကို့အတွက် brownieလုပ်ထားတာ သွားယူလိုက်ဦးမယ်"

"အိုခေဗျာ"ဆိုပြီး နိုင်းလ်ထိုင်လိုက်မှ အပြုံးလေးနဲ့အတူ လှစ်ခနဲပျောက်သွားသည့်ကောင်လေးကြောင့် နိုင်းလ်ကိုယ်တိုင်လည်း ပြုံးမိသွားရသည်။
ရန်ဖြစ်ပြီးရင် ပိုချစ်တယ်ဆိုတဲ့စကားက ကျွန်တော်တို့နှစ်ယောက်အတွက်လားမှတ်ရအောင်ပင် ပြသနာတက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ပိုချစ်လာခဲ့ကြတာပင်။စိတ်ကောက်တာ၊သဝန်တိုတာမျိုးတွေ ရှိနေဆဲပေမဲ့ အလွန်အကျွံမဟုတ်တော့တာမို့ ဘေဘီသဝန်တိုတဲ့ပုံလေးတွေက ပိုပြီးတောင်ချစ်ဖို့ကောင်းလာသေးသည်။
ဘေဘီ့စိတ်ကို နားလည်သွားတဲ့ ကျွန်တော်ကလည်း ချစ်ကြောင်းတွေကိုထုတ်ပြဖို့သာ အမြဲကြိုးစားနေရင်း နှစ်ယောက်ကြားကနှောင်ကြိုးတွေကို ပိုမြဲမြံစေခဲ့၏။

Melophile(Complete)Where stories live. Discover now