Part5

2.5K 277 32
                                    

နေရောင်ကို ကွဲပြားစွာ မမြင်ရသေးသော လမ်းမမှာ စက်ဘီးလေးတစ်စီးက အားတက်သရောရွေ့လျားလို့နေသည်။
ဟူဒီအပေါ်က ကုတ်အရှည်ကြီးဝတ်ထားရပြီး မာဖလာတွေ၊အနွေးဦးထုပ်တွေပါ ဆောင်းထားရခြင်းတွေမှာ လေးလံတယ်လို့ ခံစားရခြင်းအလျဉ်းမရှိ။သူ့ရဲ့ စက်ဘီးနင်းနှုန်းက ယခင်ရက်တွေထက်တောင် ပိုမြန်၊ပိုသွက်လက်လို့နေသေးသည်။

မနက်၇နာရီသာရှိသေးတာမို့ ဆိုင်မှာဘယ်သူမှမရောက်ကြသေး။ဆိုင်တံခါးကို သွက်လက်စွာဖွင့်လိုက်ပြီး သူ့ရဲ့မုန့်လုပ်ခန်းလေးဆီ အမြန်ဝင်သွားလိုက်သည်။ခရစ္စမတ်အမီ ရောင်းဖို့အတွက် ကွတ်ခီးအရသာအသစ်တွေဆန်းနေသလို ကိတ်လေးတွေလည်း အသစ်လုပ်နေတာရှိသည်။နိုင်းလ်ကလာမယ်ပြောတော့ သူ့ရဲ့ဖန်တီးမှုအသစ်တွေကို ပထမဆုံးအဖြစ် နိုင်းလ်ကိုမြည်းစမ်းစေချင်သည်။ဒါကြောင့်ပဲ သူ့ရဲ့ကိုယ်ပိုင်အချိန်တွေထဲကဖဲ့ယူလို့ မုန့်လုပ်ဖို့ထွက်လာတာဖြစ်သည်။

'Georgia, wrap me up in all your
I want ya in my arms
Oh, let me hold ya
I'll never let you go again like I did
Oh, I used to say'

ဆိုညည်းနေကျသီချင်းကို ဆိုလိုက်ပေမဲ့ ဒီနေ့မှသီချင်းက ပိုအသက်ဝင်နေသလိုပင်။
ရယ်တော့ရယ်ရသား...ဘယ်အချိန်လာမလဲလည်း နိုင်းလ်ကိုသူမမေးမိ၊နိုင်းလ်ကလည်း ဘယ်အချိန်လာပါမယ်လို့ ပြောမသွား
ဒါကိုပဲ သူက အိမ်ကနေအစောကြီးထွက်လာပြီး နိုင်းလ်အတွက် မုန့်တွေကို ဦးဦးဖျားဖျားပြင်ဆင်နေသည်။
နိုင်းလ်သာရောက်မလာခဲ့ရင်ရောလို့ တွေးမိတော့ နှလုံးသားလေးက နာဖျားချင်လာသည်။ဒါပေမဲ့ နိုင်းလ်စိတ်မပါရင်တော့လည်း သူအတင်းအကြပ်မဖိတ်ခေါ်လိုပါ။ဒီတစ်ခါမပေးရတော့လည်း လန်ဒန်အထိလိုက်ပြီး ခရစ္စမတ်အကြိုလက်ဆောင်ပါဆိုပြီး ပေးပစ်လိုက်မှာပေါ့လေ မဟုတ်ဘူးလား...

"ဟေး ရိုင်းမ် ဂွဒ်မောနင်း၊အစောကြီး ရောက်နေတာလား"

"မောနင်း အယ်လီနာ၊ ငါ လုပ်စရာလေးရှိလို့ စောလာတာ၊အခုတော့ပြီးသွာပါပြီ"

"အိုး လှလိုက်တဲ့ကွတ်ကီးတွေ၊ဒါ ခရစ္စမတ်အတွက်လား ရိုင်းမ်"

"ဟီး ဟုတ်တယ် ခရစ္စမတ်အတွက် အသစ်ထုတ်မဲ့ကွတ်ကီးတွေ၊အခုကတော့ ပထမဆုံးကျွေးချင်တဲ့သူရှိလို့ လုပ်ထားတာ။နောက်တစ်ခါထပ်လုပ်မှ မြည်းတော့နော်၊အခုက သူ့အတွက်ပဲမို့"

Melophile(Complete)Where stories live. Discover now