Part21

2.2K 285 14
                                    

"မြတ်ကြည်......"

"လာပြီ မေကြီး၊သံပုရာရည်ယူလာပါပြီ"

တိတ်ဆိတ်နေသောဧည့်ခန်းထဲမှာ ကာယကံရှင်နှစ်ဦးကလွဲရင် ကျန်လူများမှာ အံ့ဩမှုကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက်လျက်သား
ဒေါ်ခင်အေးဟန်တစ်ယောက် မြတ်ကြည်ကမ်းပေးသော သံပုရာရည်ရည်ကို တစ်ကျိုက်တည်းမော့သောက်ပြီး အံ့ဩတုန်လှုပ်သွားသည့်စိတ်ကို ပြန်လည်အသိကပ်နေရ၏။

"ဒါဆို ရိုင်းမ်လေးက ကိုယ်ဝန်ဆောင်နိုင်တယ်လို့ ပြောချင်တာလား၊ဆေးတွေဘာတွေရော သားတို့သေချာစစ်ရဲ့လား"

"သေချာစစ်ပါတယ် မေမေ၊၃လတစ်ကြိမ်လည်း ပါရဂူကြီးနဲ့ ဆေးထပ်စစ်တာမျိုး အမြဲလုပ်တယ်၊ရလဒ်က တစ်ခေါက်ထက်တစ်ခေါက် ပိုပြီးကောင်းလာတာကိုလည်း တွေ့ရတယ်"

"ငါ့အသက်၈၀ကျော်မှ မကြုံဘူးမကြားဘူးတာတွေ ကြုံနေတွေ့နေရတာပါလား နိုင်းလ်မြင်းမိုရ်ရဲ့"

"ဘွားဘွားကလည်း ဒါကသားလုပ်တာမှမဟုတ်တာ၊ဘေဘီ့မှာ မွေးကတည်းကပါလာတာလေ"

"တယ် ဒီနွား...ဆရာဝန်ကပြောတော့ ဟော်မုန်းပြောင်းလဲသွားလို့ဆို၊မင်းနဲ့မကြိုက်ရင် သူဒီလိုဖြစ်ပါ့မလား"

"မဆိုင်လိုက်တာ"လို့ ပြန်ခံငြင်းချင်ပေမဲ့ သေချာစဉ်းစားကြည့်တော့လည်း ဒီကိစ္စရဲ့တရားခံ ဇာစ်မြစ်က ကိုယ်ပဲဖြစ်နေပြန်တာမို့ ပြုံးတုံ့တုံ့နဲ့သာ ငြိမ်နေလိုက်ရသည်။
ဘေဘီတစ်ယောက်လည်း ဘွားဘွားအပြောမှာ မျက်နှာတွေနီရဲပြီး ခေါင်းကိုပြန်မော့မလာတော့။
ဘွားဘွားက ဘာကိုဆိုလိုချင်လဲမသိပေမဲ့ ဟိုအဆုံးထိအတွေးပေါက်သွားတဲ့ ကာယကံနှစ်ယောက်က ကျွန်တော်နဲ့ဘေဘီပါပဲ။

တစ်ချိန်ကျရင် လူကြီးတွေကိုအသိပေးမယ်စိတ်ကူးထားပေမဲ့ ဒီလိုအချိန်စောသွားမယ်တော့ ကြိုမတွေးထားခဲ့မိကြ။
ရိုင်းမ်တစ်ယောက် လက်ဖက်ရည်နဲ့အီကြာကွေးကို တို့စားချင်တယ်ပြောတော့လည်း ဟိုမှာကတည်းက စားချင်လာတာမို့ ဒီတိုင်းစားချင်တာပဲ ထင်လိုက်တာဖြစ်သည်။ရိုင်းမ်အတွက် လမ်းထိပ်မှာ မုန့်သွားဝယ်ပေးနေတုန်း ဘွားဘွားနဲ့ကျန်နေခဲ့သည့် ရိုင်းမ်တစ်ယောက် နှာခေါင်းသွေလျှံရာကနေ အားလုံးအစိုးရိမ်လွန်ကြ၊နေမကောင်းဘူးထင်ကြရာကနေ ဒီလိုတွေသိကုန်ကြတဲ့အထိဖြစ်ကုန်တာပင်။
ကျွန်တော်ပြန်ရောက်ချိန်မှာတော့ လူကြီးတွေက တအံ့တဩဖြစ်နေကြပြီမို့ သေချာရှင်းပြရတော့တာပင်။ဘွားဘွားသိရင် ခလေးယူဖို့ ရိုင်းမ်ကိုဖိအားပေးမှာစိုးလို့ ငြိမ်နေခဲ့တာ ခုတော့ ဘာမှမပြောနိုင်ဘဲ ငြိမ်သက်နေရသူက ဖွားဖွားကိုယ်တိုင်ဖြစ်နေရတာလည်း ရယ်တော့ရယ်ချင်စရာပါပဲ။

Melophile(Complete)Where stories live. Discover now