Part26

1.9K 254 7
                                    

'ညစာစားပွဲသို့ တက်ရောက်ရန်'ဆိုသည့် mailကိုကြည့်ရင်း နိုင်းလ်တစ်ယောက် လေပူတွေသာမှုတ်ထုတ်နေမိ၏။
ရုပ်သံမေဂျာဌာနက ဆရာတချို့ ကောလိပ်ပြောင်းမှာရယ်၊အသစ်ဝင်လာသည့် ဂျူနီယာနည်းပြတွေကို ကြိုဆိုပြီး ကျင်းပတဲ့ပွဲမို့ မသွားဘဲဖျက်လိုက်ဖို့က မသင့်တော်လှပေ။ပွဲပြီးတဲ့အထိမနေတောင် ညစာစားတဲ့အချိန်အထိတော့ ကြိမ်းသေနေရလိမ့်မည်။
ကိုယ်ဝန်၆လမို့ ဆိုင်မသွားရတော့ဘဲ အိမ်မှာပဲနေနေရပြီး ကျွန်တော့်နားပဲကပ်နေချင်တဲ့ အိမ်ကကိုဗိုက်လေးကတော့ သေချာပေါက်စိတ်ကောက်သွားနိုင်ပေမဲ့လည်း မတတ်နိုင်၊အိမ်ရောက်မှသာ ကျေနပ်တဲ့အထိ ချော့ရတော့မှာပဲ။လောလောဆယ်တော့ နောက်ကျမဲ့အကြောင်းကိုသာ အရင်ဆုံးပြောထားရပေဦးမည်။

"နောက်ကျတဲ့အထိ နေမှာလား"

"မနေပါဘူး ဘေဘီရဲ့၊၈နာရီလောက်ဆို ကိုကိုအရောက်ပြန်လာမှာပါ"

"အရက်မသောက်ရဘူးနော် ကိုကို"

"အဟွန်း ကိုကို ဘယ်တုန်းကအရက်သောက်လို့လဲ ဘေဘီရဲ့"

"ပွဲဆိုတော့ ပြောလို့မှမရတာကိုကိုရဲ့၊သောက်မှာစိုးလို့ ကြိုပြောရတာပေါ့"

"ဟုတ်ပါပြီဗျာ...စိတ်ချပါ၊ဒါဆို ကိုကိုဖုန်းချတော့မယ်နော်
ညနေစာစားပြီးရင် ဆေးသောက်ဖို့မမေ့နဲ့နော်"

"သိဘူး...စိတ်မချရင် ပြန်လာခဲ့"

"ဟားဟား...ကိုကို့အသည်းနှလုံးလေး လိမ္မာတယ်ဆိုတာ ကိုကိုကသိပြီးသား"

အမြင်ကတ်ဖို့ကောင်းအောင် ချုပ်တတ်လွန်းသူကြီးကို ဖုန်းထဲကနေသာ မျက်စောင်းတွေလှိမ့်ထိုးနေရပြီး လက်တွေ့မှာတော့ ဘာမှမလုပ်နိုင်ဘဲ ဖုန်းပဲချလိုက်ရ၏။အင်္ကျီပွပွအောက်က ပူနေတဲ့ဗိုက်လုံးလုံးလေးကို အသာပွတ်လိုက်ရင်း

"သမီးလေး...သမီးဒယ်ဒီက ဒီနေ့ပြန်လာတာနောက်ကျမယ်တဲ့၊တော်တော်ဆိုးတဲ့ဒယ်ဒီနော် ပြန်လာမှ တို့သားအဖနှစ်ယောက် တူတူရန်တွေ့ကြမယ်နော် သိလား...ကျွတ် ကျွတ် ကျွတ်"

ဗိုက်ထဲကနေခြေစွမ်းပြနေသူကြောင့် နာသွားရပေမဲ့ သဘောတကျပဲ ပြုံးနေမိ၏။ကိုကိုရောကျွန်တော်ရောက တစ်ချိန်လုံးဗိုက်လေးပွတ်ပြီး စကားတွေပြောလိုက်၊စာတွေဖတ်ပြလိုက် အမြဲလုပ်ဖြစ်လို့လားမသိ၊သမီးလေးက အထိအတွေ့၊အသံတွေကို ကောင်းကောင်းမှတ်ပြီး အထဲကနေတုံ့ပြန်တတ်နေပြီပင်။လစဉ်ပုံမှန်စစ်ဆေးဖြစ်တဲ့ ရလဒ်တွေအရလည်းသမီးလေးက ကျွန်တော့်ဗိုက်ထဲမှာ ကောင်းကောင်းမွန်မွန်ကြီးပြင်းလျက်ရှိတာကြောင့် စိတ်အေးရသေးသည်။

Melophile(Complete)Where stories live. Discover now