Part4

2.3K 334 24
                                    

"ကျွန်တော် ဒီမှာပါ"

ဖုန်းကို နားတစ်ဖက်မှာကပ်ရင်း လက်ဝှေ့ရမ်းပြနေသူက စက်ဘီးကို အသားကုန်နင်းလာပုံရသည်။နဖူးပြင်မှာလည်း ချွေးအနည်းငယ်စို့နေပြီး မြန်နေသေးတဲ့ အသက်ရှုနှုန်းအတွက် နှုတ်ခမ်းရဲရဲလေးကို ခပ်ဟဟလုပ်ရင်း လေရှူနေရှာသည်။

"အားနာလိုက်တာကွာ၊ကိုယ်လာယူသင့်တာကို တမင်ဒုက္ခပေးသလိုဖြစ်သွားရပြီ"

"အာ နိုး နိုး၊မဖြစ်ပါဘူး၊ ဘယ်လောက်မှလည်း ဝေးတာမှမဟုတ်တာ လာရလို့ အပန်းမကြီးပါဘူးဗျ"

"ဟုတ်ပါပြီဗျာ၊ အချိန်ရလား ဒီကညီလေး အာ နာမည်ဘယ်လိုခေါ်လဲမသိဘူး"

"ရိုင်းမ်ပါ...ရိုင်းမ်ဟဲရစ်ဆန်၊ရိုင်းမ်လို့ပဲ ခေါ်လို့ရပါတယ်"

"အိုခေ အိုခေ ဒါဆို ရိုင်းမ်အချိန်ရလား၊ကိုယ်တစ်ခုခုကျွေးပါရစေ ဒီဟိုတယ်စာသောက်ဆိုင်က အစားအသောက်တွေကောင်းတယ်ပြောတယ်"

ပုံမှန်ဆိုရင်တော့ နေပါစေ၊မစားတော့ပါဘူးဗျဆိုပြီး ငြင်းလိုက်မှာပေမဲ့ ခေါ်တဲ့သူက နိုင်းလ်ဖြစ်နေတာရယ်၊စကားပြောပြီး ခင်မင်ခွင့်ရမဲ့အခွင့်အရေးကို လက်လွှတ်မခံနိုင်တာရယ်ကြောင့် ရိုင်းမ်တစ်ယောက် မြန်မြန်ဆန်ဆန်ပဲ ခေါင်းညိတ်လက်ခံလိုက်သည်။

လည်ထောင်ဆွယ်တာတွေကို ကြိုက်ပုံရသည့်သူက အခုလည်း အသားရောင်လည်ထောင်ဆွယ်တာတစ်ထည်ကို ဂျင်းဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်။အချိုးအဆစ်တွေတောင့်တင်းပြီး စနစ်တကျကြည့်ကောင်းနေမှုက ဘော်ဒီကိုသေချာထရိန်းထားမှန်း သိသာစေသည့်အချက်ပင်။

"ဘာစားမလဲ ရိုင်းမ်၊ကြိုက်တာမှာနော် ကိုယ့်ကိုအားမနာနဲ့"

"ဟုတ်ကဲ့ဗျ"

ရိုင်းမ်တစ်ယောက် စိတ်လှုပ်ရှားတွေ၊ပျော်တာတွေနဲ့ ဗိုက်ထဲမှာပြည့်နေတာ စားဖို့သောက်ဖို့ပင် စိတ်မဝင်စား။သို့သော်လည်း မီနျူးစာအုပ်ကိုအတင်းထိုးပေးပြီး မှာခိုင်းနေသူကြောင့် မျက်စိရှေ့မြင်တာကို လက်ညှိုးထိုးလိုက်တာ ပါစတာတစ်ပွဲ၊ကြက်ကင်တစ်ခြမ်းနဲ့ ဝိုင်တစ်ခွက် ရောက်လာချိန်မှ ကိုယ့်နဖူးကိုယ်ပြန်ရိုက်ချင်သွားရသည်။။ရိုင်းမ်က အစားအသောက်ခရေဇီဆိုပေမဲ့ ကိုယ်သဘောကျနေတဲ့သူရှေ့မှာတော့ ဒါမျိုးအများကြီးတွေကုန်အောင် စားမပြချင်ပါ။လက်ကလည်း ဘာလို့များ ဒီsetလိုက်ကြီးကိုမှ တည့်တည့်ညွှန်မိသွားတာလည်းမသိ။
နိုင်းလ်မှာထားတာကြည့်လိုက်တော့ မှိုအရသာဆန်ပြုတ်တစ်ခွက်တည်းရှိပြီး ကျန်တာဘာမှမပါ။

Melophile(Complete)Tahanan ng mga kuwento. Tumuklas ngayon