Part16

2.1K 289 33
                                    

"ဟွန်း ဂျိုဝီနော်...အဲဒါငါ့ကိုကိုကွ သိလား
အရမ်းအသားယူတာပဲ မင်း"

ရေချိုးခန်းထဲကထွပ်လာလာချင်း ကိုကို့ရင်ခွင်ထဲထိုင်ပြီး မျက်နှာအနှံ့လျှာ့နဲ့လျက်လိုက်၊နမ်းလိုက်လုပ်နေတဲ့ ဂျိုဝီ့ကြောင့် ရိုင်းမ်မှာ တွန့်တိုစိတ်လေးတွေက တဖွားဖွားပေါ်လာရသည်။
ကိုကိုကလည်း ပြုံးလျက်သားနဲ့ပွတ်သပ်ပေးနေတော့ ဂျိုဝီတို့အကြိုက်ဖြစ်နေတော့တာ။
စတွေ့တွေ့ချင်းတုန်းက စိမ်းသက်နေတဲ့ဂျိုဝီဆိုတာလည်း ခုဆို ကိုကိုလာတာနဲ့ မရှိတဲ့အမြှီးနန့်ပြီးကို ကြိုတော့တာပါပဲ။

"ခေါင်းတွေလျှော်လာပြန်လား ရိုင်းမ်ရဲ့၊နှာစေးဦးမယ်"

"ကိုကိုက ဒရိုင်ယာနဲ့သေချာခြောက်အောင်လုပ်ပေးလေ၊နှာမစေးတော့ဘူးပေါ့"

"အဟား...အေးပါကွာ၊ဒရိုင်ယာသာ ယူလာခဲ့ပါ ဟုတ်ပြီလား"

"ဟီး စိတ်ချစိတ်ချ၊ခုပဲ လာပြီ
ဂျိုဝီ...ငချွဲလုပ်နေတာရပ်ပြီး သွားအိပ်တော့လေ၊အိပ်ချိန်ရောက်နေပြီနော်
ဒယ်ဒီ့ကို ဒီကပါပါးလည်း ချွဲပါရစေဦးကွ၊မင်းပဲ ချွဲနေတော့တာပဲကွာ"

'ဝု ဝု'

"အံမယ် ပြန်ပြောနေတာပေါ့လေ ဟုတ်လား၊ ကိုကို့ အဲ့မှာငေါက်ဦး၊ဂျိုဝီ ဘေဘီ့စကားနားမထောင်ဘဲ ပုန်ကန်ချင်နေပြီဗျ"

မျက်နှာကို ခရမ်လ်လူးရင်း မကျေမချမ်းနဲ့ လှည့်တိုင်နေတဲ့ရိုင်းမ်၊ ဂျိုဝီကလည်း တကယ်ကိုလူပေါ်ကမဆင်းဘဲ တဝုဝုနဲ့ပြန်ပြောနေတာဖြစ်သည်။
အခုတောင် ခွေးသားလေးနဲ့လူပါပါးကြား ဘယ်ဘက်ကနေရမှန်းမသိတာ၊နောက်ထပ် လူကလေးလေးတိုးလားပြီး သူပဲဆိုးချင်မည့် ကလေးကြီးနဲ့ကလေးလေးကြား ကိုယ့်ဘဝကိုယ်တွေးရင်းသာ သက်ပြင်းခိုးချမိတော့သည်။

လက်ပေါ်မေးတင်ပြီး မှိန်းနေတဲ့ဂျိုဝီ့ကို ကျေနပ်အောင် ဂုတ်ကိုပွတ်သပ်ပေးပြီးနောက် သူ့အိပ်ယာလေးဆီလိုက်ပို့တော့ အသာတကြည်အိပ်သွားသည်။
ကလေးကြီးကတော့ ခေါင်းမှတဘက်ပေါင်းထားပြီး ဒရိုင်ယာကြီးကိုင်လို့ စူပုပ်ပုပ်နဲ့ငုတ်တုပ်ထိုင်နေလေရဲ့။

Melophile(Complete)Where stories live. Discover now