Part27

2K 272 18
                                    

"ဟာ...တကယ်ကို ​ကျေးဇူးကြီးမားလှပါပေတယ် ကိုယံရယ်၊ ကိုသော်ကကိုလည်း သေချာပြောပေးပါဦး
ကျွန်တော်က တကယ်ကျေးဇူးအရမ်းတင်တယ်လို့"

"......"

"အချင်းချင်းတွေလည်း ကျေးဇူးကတော့ တင်ရမှာပဲဗျာ၊ ကျွန်တော် တကယ်တိုင်ပတ်နေတာ ကိုယံရ
ရူးပါရူးချင်နေတာ၊ ကိုယ်တိုင်လုပ်ဖို့ဆိုတော့လည်း ကျွန်တော် အဲဒါမျိုးတွေမကျွမ်းဘူးလေ
မဖြစ်ရင် ပိုစိတ်ကောက်သွားဦးမှာ"

"......"

"ဟား...ဟုတ်တယ် ကိုယံရေ၊ တကယ် ကျွန်တော်ကြောက်ရမဲ့သူ မရှိတော့ဘူးထင်တာ
အခုတစ်ယောက်၊နောက် သိပ်မကြာခင်တစ်ယောက်က ထွက်လာဦးမယ်ဗျာ"

"......"

"ဟား...ဟုတ်ပါတယ်ဗျာ၊အဲ့လိုကြောက်နေရတာကိုက ပျော်စရာဖြစ်နေတာ
အိုခေ အိုခေ ကိုယံ၊ဒါဆို ကျွန်တော်တို့ မနက်ဖြန်မနက် လန်ဒန်လာခဲ့လိုက်မယ်ဗျ
ကျေးဇူးကိုယံ"

ဖုန်းချပြီးမှပဲ အသက်ရှူချောင်သွားတာကြောင့် လေပူတွေပါမှုတ်ထုတ်ပြီး ဆိုဖာကျောမှီပေါ် ခေါင်းလှန်ချပစ်လိုက်မိ၏။
ရိုင်းမ်ဟဲရစ်ဆန်ရဲ့ မုန့်လက်ဆောင်းပြသနာက အတော်ကိုကြီးမားလွန်းတာကြောင့် သူဒီရက်တွေထဲ တော်တော်ကိုခေါင်းကိုက်နေရတာပင်။
စားချင်တာမစားရတော့ ကျန်တာတွေလည်း ကောင်းကောင်းကျွေးမရသလို၊ကိုယ့်ကိုလည်း စကားကောင်းကောင်းပင်မပြော။စိတ်ကောက်တာ၊ရစ်တာမှ လက်မြှောက်အရှုံးပေးပြီး အော်ငိုပစ်ချင်လောက်အောင်ပါပဲ။

ကြိုးစားပမ်းစားရှာဖွေပြီး ထိုင်းဘက်ကလာတဲ့ ရောင်စုံမုန်လက်ဆောင်ဖက်အခြောက်တွေ ဝယ်၊ အုန်းနို့တွေသကြားတွေနဲ့ တတ်သလောက်မှတ်သလောက် လုပ်ကျွေးတော့လည်း တို့တောင်မတို့ကြည့်။သူစားချင်တာ အဖြူရောင်မုန့်ဖက်လေးတွေနဲ့ ထန်းလျက်ရည်နဲ့ပါဆိုပြီး ဝမ်းနည်းပက်လက်ငိုနေလို့ တော်တော်ကြီးကို ချော့ယူလိုက်ရသေး၏။
စိတ်တွေပေါက်လွန်းလို့ အိမ်ကိုပါဖုန်းဆက်ပြီး နောက်တစ်ခါ ရိုင်းမ်နဲ့ဖုန်းပြောရင် ဒီမှာဝယ်မရ၊ရှာမရတာတွေ လျှောက်မစားပြကြပါနဲ့ဆိုပြီးပါ မနိုင်' နိုင်ရာ မဲမိတဲ့အထိ။သူ အဲ့လိုဒုက္ခရောက်နေတာကိုပဲ ဒေါ်ခင်အေးဟန်က ကျေနပ်နေတဲ့အပြုံးကြီးနဲ့ တပြုံးပြုံးလုပ်နေလို့ ကျွဲမြီးတိုရသေး၏။
စကားလည်းမပြော၊အစားလည်း သေချာကျွေးမရလို့ မဖြစ်ချေတော့ဘူးဆိုပြီး utubeမှာ မုန့်လုပ်နည်းတွေကြည့်တော့လည်း ကြည့်နေရင်းကို စိတ်ရှုပ်ပြီး လုပ်ဖို့လည်း ယုံကြည်ချက်ကရှိမနေ။
နောက်ဆုံးမျှော်လင့်ချက်အဖြစ် လန်ဒန်မှာ အဲ့လိုရနိုင်တာများရှိမလားဆိုပြီး ကိုယံ့ကိုမေးကြည့်တော့မှ ကိုသော်က'က သူလုပ်ကျွေးပါမယ်၊အိမ်လာခဲ့ကြပါဆိုလို့  ဟန်ဆောင်ပန်ဆောင်တောင် မငြင်းနိုင်ဘဲ ကျေးဇူးတွေအထပ်ထပ်တင်ပြီး လာပါမယ်လုပ်လိုက်ရတာဖြစ်၏။

Melophile(Complete)Where stories live. Discover now