Part14

2.3K 275 25
                                    

ဒီနေ့က ရိုင်းမ်တစ်ယောက် အောက်စဖို့ဒ်ကိုပြန်မည့်နေဖြစ်သည်။သူတို့နှစ်ယောက် ပထမဆုံးအတူဖြတ်သန်းခဲ့ရသည် နှစ်သစ်အချိန်က ယစ်မူးဖွယ်အမှတ်တရတွေနဲ့ ပြည့်နှက်နေလျက်ဖြစ်ကာ ခွဲရမဲ့အချိန်နီးလေ မခွဲချင်ဖြစ်နေရတာမျိုးပင်။
ဒီကရှေ့လျှောက်မှာ ရိုင်းမ်လည်း အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်နဲ့ အားလပ်ချိန်နည်းသွားမှာဖြစ်သလို ကိုကိုကလည်း ရုပ်သံမေဂျာမှာ မာစတာတက်ဖို့ ဝင်ခွင့်အောင်ကြောင်း မေးလ်လက်ခံရပြီမို့ အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်ဖြစ်တော့မည်၊ရှေ့လျှောက် တွေ့ရမဲ့အချိန်တွေက နည်းသွားတော့မှာပဲလို့ တွေးမိလေ ကိုကိုနဲ့အတူရှိတဲ့ဒီအချိန်လေးကို ကုန်ဆုံးမသွားချင်လေပင်။

"ကိုကို အောက်စဖို့ဒ်ထိလိုက်ခဲ့ပါမယ်ဆို ဘေဘီရယ်"

Paddingtonဘူတာရဲ့ ထိုင်ခုံတစ်နေရာမှာ နှစ်ယောက်သား ပူးကပ်လျက်ထိုင်နေကြရင်း ကိုကိုကပြောလာတာဖြစ်၏။
ကျွန်တော်ကိုယ်တိုင်လည်း လိုက်လာစေချင်ပေမဲ့ မနက်ဖြန်အစောကြီး ကိုကိုထပြန်ရဦးမှာ၊ပင်ပန်းမှာကိုတွေးမိတာမို့ ငြင်းရခြင်းပေ။နှစ်သစ်ကူးပြီးတဲ့ ရုံးဖွင့်ရက်တွေဆို ရထားတွေက ခရီးသည်တွေအပြည့်မို့ ကိုကိုပိုပင်ပန်းဦးမည်။ဒါကြောင့်ပဲ အပြန်ခရီးကိုတော့ တစ်ယောက်တည်းပြန်ဖို့သာ ဆုံးဖြတ်ရခြင်းဖြစ်သည်။

"ဘေဘီတစ်ယောက်တည်း ပြန်ပါမယ့်ကိုကိုရယ်၊မနက်ဖြန်က မနက်ပိုင်းliveလည်းရှိတာ ကိုကိုရုံးနောက်ကျလို့မဖြစ်ဘူးလေ၊ရထားလိုင်းတွေက လူတွေအပြည့်နဲ့ကြပ်နေမှာ ကိုကိုရဲ့"

"အင်းပါ...ဒါဆိုလည်း သောကြာနေ့ညနေမှ ကိုကိုလာခဲ့မယ်နော် ဟုတ်ပလား"

ခေါင်းလေးကိုဖွဖွလေးသပ်ပေးရင်း ပြောလာတဲ့ကိုကို့ကိုမော့ကြည့်ပြီး ပြုံးလျက်သာခေါင်းညိတ်ပြလိုက်မိသည်။
အချိန်တစ်ခုထိတော့ ဒီလိုပဲ လွမ်းတဲ့အခါအချိန်ခိုးလို့ပြေးတွေ့ရင်း အလွမ်းဖြေကြရဦးမှာမို့ ဒီအခြေအနေတွေကို နေသားကျဖို့တော့ ခုကတည်းကပြင်ဆင်ထားကြရဦးမည်။

နှုတ်ဆက်အနမ်းတွေ အပြန်အလှန်ပေးကြရင်း ရထားဆိုက်ရောက်လာတော့ ညနေ၆နာရီ
ရထားပေါ်တက်သွားတဲ့ကောင်လေးက ခုံပေါ်ရောက်တော့လည်း မှန်ချပ်ကနေတဆင့် လက်လေးပြလို့နှုတ်ဆက်သည်။လက်မ၊လက်ညှိုးနဲ့လက်သန်းတို့ကိုထောင်ရင်း ချစ်ကြောင်းတွေကို သင်္ကေတအဖြစ်ဖွင့်ဟပြတော့လည်း ပြုံးရယ်လို့ကြည့်နေခဲ့တာ ရထားကြီးထွက်ခွာသွားသည်အထိ....

Melophile(Complete)Where stories live. Discover now