Part24

2.1K 278 12
                                    

နောက်ဆုံးတော့ ရိုင်းမ်ရဲ့ဆန္ဒတွေတကယ်ဖြစ်မြောက်လို့သွားခဲ့ရပြီ။
စိတ်ချယုံကြည်ရတဲ့ အဆင့်ဆင့်ဆေးစစ်ချက်တွေပြီးတဲ့နောက် ရိုင်းမ်ရဲ့မျိုးဥနဲ့ကိုကို့ရဲ့သားလောင်းတို့ အောင်မြင်စွာပေါင်းစပ်နိုင်ရုံမက ရိုင်းမ်ဗိုက်ထဲမှာ ကလေးလေးရဲ့သားဥလေး အောင်မြင်စွာကပ်တွယ်နိုင်တဲ့အထိ အားလုံးဟာ အဆင်ပြေချောမွေ့စွာနဲ့ ပြီးမြောက်သွားခဲ့တာပဲဖြစ်သည်။

အဲဒီနေ့က အောက်စဖို့ဒ်မှာ နှင်းတွေဖွေးဖွေးလှုပ်အောင်ကျနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ခရစ္စမတ်သီချင်းတွေနဲ့ လူသားတိုင်းပျော်ရွှင်နေသောအချိန်ကာလ၊
ရိုင်းမ်နဲ့နိုင်းလ်ဟာလည်း ဆေးရုံကပါရဂူကြီးတွေရဲ့ အဆင်ပြေချောမွေ့ကြောင်း အဖြေစကားမှာ တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ရင်း၊တစ်ယောက်ကိုတစ်ယောက် မျက်ရည်အဝဲသားနှင့်ငေးကြည့်နေကြရင်း မျက်နှာထက်မှာလည်း အပြုံးပန်းတွေ ဝေခဲ့ကြရတာဟာ ပြန်စဉ်းစားတိုင်း ပျော်ရွှင်စရာကောင်းလွန်းလှတာပင်။
ရိုင်းမ်တို့တင်မက နှစ်ဖက်မိသားစုတွေ၊အဖိုးတန်မိတ်ဆွေတွေဖြစ်တဲ့ကိုယံတို့အဖွဲ့တွေ၊ရိုင်းမ်ရဲ့ဆိုင်ဝန်ထမ်းတွေ နောက်ပြီး ကိုကို့ဆရာသမားတွေဖြစ်တဲ့ ဝီလျံတို့တွေ အို ပြောလို့မကုန်နိုင်တဲ့ အဖိုးတန်လူသားတွေအားလုံးက ရိုင်းမ်တို့နဲ့ထပ်တူပျော်ရွှင်ပြီး ဂုဏ်ပြုပေးကြတာမို့ လာခြင်းကောင်းတွေနဲ့ပြည့်စုံနေတဲ့ ကလေးလေးအစား ကြည်နူးပီတိဖြစ်လို့ပင်မကုန်နိုင်အောင်ပါပဲ။

အခုဆို ရိုင်းမ်ကိုယ်ဝန်က ၂လဆိုတဲ့အနေအထားကို ရောက်လို့လာပြီ။ကလေးလေးက ဘာလေးဖြစ်မလဲမသိပေမဲ့ စိတ်တိုလွယ်၊စိတ်ဆတ်လွယ်ပြီး အရင်နဲ့မတူတဲ့ ရိုင်းမ်ပုံစံကြောင့် သမီးလေးဖြစ်မယ်လို့ လီနွန်တို့က ခန့်မှန်းနေကြလေရဲ့။ရိုင်းမ်ကတော့ ရိုင်းမ်စိတ်တိုလွယ်တာက အရင်လိုစိတ်ရှိတိုင်း သွားလာလို့မရတာကြောင့်လို့ပဲ ထင်မိ၏။ဒါပေမဲ့ ကိုကို့အပေါ်အရမ်းဆိုးချင်၊ကောက်ချင်၊ပိုကပ်ချင်ဖြစ်နေတာတော့ ဝန်ခံပါသည်။အခုလည်း ကော်ဖီဆိုင်မှာ ဆွယ်တာထိုးရင်း ကိုကို့ကိုမျှော်နေတာပဲဖြစ်သည်။

Melophile(Complete)Where stories live. Discover now