Part7

2.5K 317 43
                                    

ဝရံတာကိုထွက်ပြီး မတ်တပ်ရပ်စဉ် လေအေးတွေက မျက်နှာဆီတည့်တည့်တိုးတာမို့ နိုင်းလ်တစ်ယောက် အခန်းထဲကိုပဲ ပြန်ဝင်မိလိုက်သည်။
ရုံးကပြန်ရောက်ကတည်းက ဂနာမငြိမ်ဖြစ်နေတဲ့စိတ်က သူ့ကိုဘယ်နေရာမှာမှ ငြိမ်သက်နေခွင့်မပေး။
တိတ်ဆိတ်နေတဲ့ conversationကိုပဲ အဓိပ္ပါယ်မဲ့စွာ ကြည့်နေမိတာအခါခါ။သူဟာ ဘယ်တုန်းကများ ဒီလိုတိတ်ဆိတ်ခြင်းတွေကို မနှစ်မြို့နိုင်တော့ပါလိမ့်။

အဆင်သင့်ပြင်ထားတဲ့ ဆလပ်သုပ်အပြင် ဝိုင်တစ်ခွက်ပါထည့်ပြီး ဧည့်ခန်းထဲက ဆိုဖာခုံဆီပြန်လာလိုက်သည်။ဒီတိုင်းဖွင့်ထားမိတဲ့ ချန်နယ်တစ်ခုက ဟာသအစီအစဉ်တွေလာနေပေမဲ့ သူ့အာရုံတွေက ထိုရုပ်မြင်သံကြားမှာရှိမနေ။
တီတီတာတာအသံတွေကိုပါ ကြားယောင်နိုင်စွမ်းရှိသည့်စာလွှာတွေရောက်မလာခြင်းသည် ခံရခက်သောဝေဒနာကို ပေးစွမ်းနိုင်စေမှန်း နောက်ဆုံးမှာတော့ သူလက်ခံလိုက်ရ၏။

နောက်ဆုံးမှာတော့ စိတ်ကိုအရှုံးပေးလိုက်ရသည့် လက်ချောင်းတို့သည် ဖုန်းကီးဘုတ်ပေါ်မှာ တလွှားလွှား ပြေးလို့နေရင်း မရိုးနိုင်သော စာအုပ်ကြီးထဲကစာတွေအတိုင်း ပို့လိုက်မိသည်မှာ

' ဟေး ဘာလုပ်နေလဲ...ရိုင်းမ်'ဟူ၍ပင်။

ရိုင်းမ်တစ်ယောက် ဒယ်ဒီ့ရဲ့အကြံပေးစကားတွေနားထောင်အပြီး အိပ်ရာထက်ပြန်လှဲမို့လုပ်စဉ်မှာပဲ စာဝင်လာသည့်အသံကြောင့် မီးလင်းလာသည့် ဖုန်းမှန်ပြင်ကို ကြည့်မိလိုက်သည်။

"အိုး ဂျိုဝီရေး ငါအိပ်မက်မက်နေတာလား၊နိုင်းလ်က ငါ့ကိုစာပို့တယ်လို့၊စာပို့တယ်"

အနားမှာငုတ်တုတ်ထိုင်နေတဲ့ ဂျိုဝီ့ကိုဆွဲဖက်ရင်းပြောတော့ ဖင်တုန်းလေးတွေလှုပ်ရင်း ရိုင်းမ်ကိုအားပေးထောက်ခံပုံမှာ သူ့သခင်ဝမ်းနည်းနေခဲ့ရတာကို ခံစားနိုင်မှန်းသိသာလှသည်။

နိုင်းလ်က စပြီးဆက်သွယ်တယ်ဆိုတာ ဒီလတွေအတွင်း ဒါပထမဆုံးအကြိမ်လို့တောင် ပြောလို့ရသည်မို့ ရိုင်းမ်တစ်ယောက်ပျော်သွားရသည်။သူ့ရဲ့ အခုပုံစံကို ဒယ်ဒီသာမြင်ရင်တော့ ဒါနဲ့များ ဒယ်ဒီ့သားက လက်လွှတ်ချင်တယ်လုပ်နေသေးတယ်ကွာလို့ပြောရင်း ရယ်တော့မည်ထင်၏။
ဘယ်လိုပဲ အူမြူးသွားရပါစေ စိတ်ကောက်တာစိတ်ကောက်တာပဲမို့ ဟန်ကိုယ့်ဖိုလုပ်ရင်းသာ စာပြန်လိုက်ရသည်။

Melophile(Complete)Donde viven las historias. Descúbrelo ahora