သင်္ကြန်အကြိုနေ့
နောက်ဆုံးတော့ ရိုင်းမ်အမျှော်လင့်ရဆုံး သင်္ကြန်ပွဲတော်ကို ကြုံရတော့မည်။
ငယ်ငယ်က မာမီပြောပြလို့ကြားဖူးသိဖူးခဲ့ရ၊အရွယ်ရောက်လာတော့ ကိုယ်တိုင်ရှာဖွေကြည့်ရင်း သိခဲ့ရ၊ကြုံဖူးချင်ရသည့် ပွဲတော်ရက်က နောက်ဆုံးတော့ရောက်လို့လာခဲ့ပြီ။မနက်၆နာရီမို့ ရာသီဥတုက လေပြည်တငြိမ့်ငြိမ့်နဲ့ နေလို့ကောင်းဆဲရှိသေး၏။
ကိုကိုတစ်ယောက်ကတော့ လေအေးစက်ကြောင့် အေးစက်နေတဲ့အခန်းထဲမှာ စောင်ခြုံလို့အိပ်နေဆဲသာ ရှိသေးသည်။ရိုင်းမ်ကတော့ မေမေနဲ့ဘွားဘွားရဲ့ အတာအိုးပြင်တဲ့နားမှာ အမေးအမြန်းထူရင်း စပ်စုလို့နေတာပင်။
သင်္ကြန်ကြိုတာက တစ်နှစ်နဲ့တစ်နှစ်အချိန်မတူတာတွေ၊သင်္ကြန်စာအရ သိကြားမင်းဆင်းမည့်အချိန်မှာ ကြိုရတာတွေ၊သူတို့ငယ်ငယ်ကဆို အကြိုနေ့က သိကြားမင်းဆင်းရုံမို့ အကျနေ့မှ ရေပက်ရတဲ့ဓလေ့ရှိတာတွေကိုလည်း ဘွားဘွားက ပြောပြလို့သိရသေးသည်။"လဲ့ရည် ဒီနေ့ သားကြီးက မဏ္ဍပ်ဖွင့်ပွဲသွားမှာမလား"
"ဟုတ်တယ် အမေ၊သွားမှာ
သားတို့နှစ်ယောက်ပါ လိုက်သွားနော်""ဟီး လိုက်သွားမယ် မေမေ၊ကိုကိုက နောက်ရက်မှသွားဖို့ပြောနေတာသိလား
သားက ကိုကိုမလိုက်လည်း ကျွန်တော်ပဲ ဖေဖေနဲ့အတူလိုက်သွားမယ်လို့ ပြောလိုက်လို့ လိုက်မယ်ဖြစ်သွားတာ""အဲ့ကောင်လေးက သင်္ကြန်ဆိုလည်း အခန်းထဲတင်နေတာ၊တစ်ခါတလေမှ သူ့သူငယ်ချင်းတွေ အတင်းလာခေါ်လို့ ပါသွားတာ
မှတ်လောက်သားလောက်အောင် လေးရက်လုံးသာ အပြင်ခေါ်သွားလိုက်""ကိုကိုက တကယ်မလည်ဘူးပေါ့၊သားကို လိမ်ပြောတယ်ထင်နေတာ"
"လိမ်တာမဟုတ်ဘူး တကယ်ဟေ့၊ဒင်းက ဘယ်မှမသွားဘဲ အိမ်မှာနေရင်း ငါ့ကိုကန့်လန့်တိုက်ဖို့ ကြံစည်နေတာ ဟိုငယ်ငယ်ကတည်းကပဲ
တခြားမောင်နှမတွေရော အိမ်မှာစုံကြပြီး အိမ်ရှေမဏ္ဍပ်လုပ်ပေးထားလည်း ဒီကောင်က ရေဆော့တာမဟုတ်ဘူး၊ ဒီအတာအိုးနားမှာပဲ ငုတ်တုပ်လာထိုင်နေတာ
ငါက သူ့ကိုသိကြားမင်းဆင်းလာတော့မှာ၊စကားနားထောင်ရမယ်တွေဘာတွေပြောလို့ ဒီအိုးထဲ သိကြားမင်တကယ်ဆင်းလာမှာလားဆိုပြီး တနေကုန်ထိုင်ကြည့်တဲ့ဟာလေး"