Part2

3.8K 350 12
                                    

"ဒါဆို ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါရစေဗျာ၊နားဆင်သူအပေါင်း မင်္ဂလာရှိတဲ့တနင်္လာနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေဖို့ ဆန္ဒပြုပါတယ်
ကျွန်တော် ဘီဘီစီမှ တင်ဆက်သူနိုင်းလ်ပါ"

အဆုံးသတ်နှုတ်ဆက်စကားပြောပြီးနောက် အသံဖမ်းအင်ဂျင်နီယာအဖွဲ့ရဲ့ အဆင်ပြေကြောင်းပြသတဲ့ လက်မတွေကို ခေါင်းညိတ်လို့တုံ့ပြန်ရင်း နိုင်းလ်တစ်ယောက် နားမှာတပ်ဆင်ထားသည့်headphoneကိုဖြုတ်လိုက်တော့သည်။
သူကိုယ်တိုင်ရေးဆွဲအကြံပေးခဲ့တဲ့ ဒီအစီအစဉ်လေးက တစ်ပတ်တစ်ပတ်နားဆင်နှုန်းတွေမြင့်တက်ပြီး ဥရောပနေမြန်မာတွေကြားမှာ အသိအမှတ်ပြုမှုတွေရနေတာမို့ နိုင်းလ်တစ်ယောက် ကျေနပ်ပီတိဖြစ်နေရသည်မှာအမှန်ပင်။

လန်ဒန်ကိုရောက်လာခဲ့တာ ၄နှစ်၊နှစ်နှစ်က ရုပ်သံဆိုင်ရာပညာရပ်အတွက် ဒီပလိုမာတန်းတက်ရောက်ခြင်းဖြစ်ပြီး နောက်နှစ်နှစ်ကတော့ ဘီဘီစီမှာ အလုပ်ဝင်နေတာပဲဖြစ်သည်။ဘီဘီစီမှာ ရေဒီယိုအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့ သူ့အိပ်မက်တွေက လက်တွေ့ဖြစ်လာရုံမက နှစ်နှစ်အတွင်းမှာကို လူသိများ၊အောင်မြင်လာတာကလည်း စိတ်ကျေနပ်ဖွယ်အပြည့်ရသည်မှာအမှန်။
မြန်မာပိုင်းအဖြစ် ဒီမောနင်းရှိုးတစ်ခုသာရှိပြီး တခြားအစီအစဉ်တွေက Internationalကိုသာရည်ရွယ်တာမို့ သူ့ကိုအားပေးကြသူတွေထဲမှာ ဒီဘက်နိုင်ငံကလူတွေလည်း အများစုပါဝင်ကြသည်။
တာဝန်ရှိသူတွေကတော့ ရုပ်မြင်သံကြားအစီအစဉ်တွေမှာပါ ပါဝင်စေချင်တဲ့ဆန္ဒရှိပြီး သူ့ကို တိုက်တွန်းနေကြတာလည်း အကြိမ်ကြိမ်။
အသံတင်မဟုတ် ရုပ်ရည်အနေအထားကပါ လူထုကိုဖမ်းစားနိုင်မယ်ဆိုတာ ကောင်းကောင်းသိနေကြတဲ့ စီနီယာဆရာတွေက အမြဲတွန်းအားပေးနေကြပြီး သူကလည်း ရေဒီယိုတင်ဆက်သူနေရာမှာပဲ ပျော်မွေ့နေတာကခက်သည်။

"နိုင်းလ် နိုင်းလ်"

အသံလွှင့်ခန်းထဲကနေထွက်လာစဉ် ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ရုပ်သံပိုင်းမှာပါတင်ဆက်သူလုပ်နေတဲ့ အချောအလှစာရင်းဝင် Kelly Bate၊တစ်နည်းအားဖြင့် သူနဲ့ကော်ဖီဒိတ်လုပ်ဖူးပြီး အဆင့်တက်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးလေးဆိုလည်းမမှား

Melophile(Complete)Where stories live. Discover now