Part12

2.2K 292 34
                                    

"ကိုကို ဒါလေးလှလား"

"အဟွန်း ချစ်စရာလေးကွာ၊အဲဒါလေးပဲယူ ဘေဘီ"

သမင်ဦးဂြိုဟ်ပါတဲ့ နီရဲရဲဆံကုပ်လေးက ရိုင်းမ်ရဲ့ခေါင်းပေါ်မှာ ချစ်စဖွယ်နေရာယူထားသည်။
မျက်ဝန်းပြာလေးတွေတလက်လက်နဲ့ ဘီးကုပ်လေးကိုကိုင်ကြည့်ပြီး မနေတတ်သလိုရယ်နေပုံကအစ ကြည်ကြည်စင်စင်ရှိလှသည်။

"ဘေဘီ အဲ့တိုင်းလေးနေ...ကိုယ်ပုံရိုက်ပေးမယ်"

ဘီးကုပ်တပ်ရင်း ပိုက်ချိုချဉ်ကြီးကိုပါ လက်ကကိုင်ထားသည့်ဘေဘီက ဓါတ်ပုံရိုက်ချိန် လက်နှစ်ချောင်းထောင်ဖို့လည်းမမေ့။
နှာသီးဖျားတွေနီရဲနေအောင်အေးနေပေမဲ့ ရိုင်းမ်တစ်ယောက်က လည်လို့ပတ်လို့ကောင်းနေဆဲပါပဲ။
ကျွန်တော်ကတော တလှုပ်လှုပ်နဲ့ လှုပ်ရှားနေသည့်ကောင်လေးကို အမှတ်တရ မှတ်တမ်းတင်ပေးရင်း သူခေါ်ရာနောက်လိုက်ရင်းနဲ့သာ အေးခဲမှုကိုဥပေက္ခာပြုထားလိုက်ရတာပင်။

"ကိုကို ဟိုမှာအာရှအစားအသောက်တွေ၊ အာ အဲ့ခေါက်ဆွဲကြော် ဘေဘီစားချင်နေတာ၊ငယ်ငယ်က မာမီနဲ့အတူတူ စားနေကျ"

မီးတောက်တွေကြား တရှဲရှဲနဲ့ကြော်လှော်နေသည့် တရုတ်စားဖိုမှုကြီး၊ရှေ့မှာလည်း ဝယ်သူတွေတန်းစီနေတာမို့ စောင့်ရဦးမှာပေမဲ့ ဘေဘီစားချင်နေတာမို့ ထိုဆိုင်မှာပဲ သွား၍တန်းစီလိုက်ကြသည်။

"ဟိုဟာလေး ဟိုဟာလေး...အဲဒါလည်းစားဦးမယ်"

"အီကြာကွေးလား၊အဲဒါတော့ မစားပါနဲ့လား ဘေဘီရဲ့၊ခေါက်ဆွဲကြော်တွေရောဆို ဗိုက်မကောင်းဖြစ်ဦးမယ်"

"ကိုကိုကလည်း တစ်ခါတလေပဲဟာနော်...ဘာမှမဖြစ်ပါဘူး၊ဖြစ်ရင်လည်း ကိုကိုဆေးတိုက်ပေါ့ ဟုတ်ဘူးလား"

"ကဲ ဟုတ်ပါပြီကွာ၊ဒါဆို ဘေဘီ ဒီမှာတန်းစီနေခဲ့၊ကိုယ် ကော်ဖီသွားဝယ်ရင်း အီကြာကွေးပါဝယ်ခဲ့ပေးမယ်

"ဟီး ဟုတ်ဟုတ်"

အလိုလိုက်ပါမှ တဟီးဟီးဖြစ်သွားသူကို ခေါင်းအသာပုတ်ရင်း ကော်ဖီဆိုင်ရှိရာကိုအရင်သွားရသည်။
ဘေဘီကတော့ ခေါက်ဆွဲကြော်ဆိုင်မှာ အအေးပါမှာထားပြီးသားမို့ ကိုယ့်အတွက်ပဲ အမေရိကာနိုတစ်ခွက်ဝယ်ရုံသာ။ကော်ဖီခွက်ကိုင်ပြီး သူပြန်လာချိန်မှာတော့ ဘေဘီ့အလှည့်ရောက်နေတာကို အဝေးကနေမြင်လိုက်ရတာမို့ အီကြာကွေးကိုမြန်မြန်ဝယ်ပြီး ခေါက်ဆွဲဆိုင်ကိုပြန်ရသည်။

Melophile(Complete)Where stories live. Discover now