Epilogue

3.3K 298 26
                                    

"အူဝဲ...အူဝဲ"

"ဟယ် ဒီရက်သားလေးက သူ့အဖေသူ သိတတ်နေပြီ၊မယုံနိုင်စရာဘဲကွယ်"

ကိုကို့လက်ထဲကနေ မေမေ့ဆီပြောင်းပေးလိုက်တာနဲ့ ထငိုတဲ့သမီးကြောင့် အားလုံးမှာ တအံ့တဩ၊ မျက်ခုံးထင်းထင်းတွေ ရှုံ့မဲ့လို့ အော်ငိုနေတဲ့ သမီးလေးက ကိုကို့လက်ထဲပြန်ရောက်တာနဲ့ အငိုတိတ်သွားတတ်တာလည်း သူမဟုတ်သည့်အတိုင်းပါပဲ။
အခုဆို သမီးလေးမွေးပြီး ၅ရက်ရှိပြီဖြစ်ပြီး သမီးလေးကလည်း ကျန်းကျန်းမာမာမို့ စိတ်ချမ်းသာနေရသည်။ကိုကို့ရုံးနဲ့ကျောင်းက လုပ်ဖော်ကိုင်ဖက်တွေဆီက ပို့လာပေးတဲ့ ဂုဏ်ပြုလက်ဆောင်ပန်းခြင်း၊ပန်းစည်းတွေ၊မြန်မာပြည်က အစ်ကိုတွေနဲ့ လန်ဒန်ကအစ်ကိုတွေရဲ့ ရှေ့ပြေးလက်ဆောင် ပန်းစည်းတွေ၊ ရိုင်းမ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်ကဝန်ထမ်းတွေရဲ့ လက်ဆောင်ပန်းစည်းတွေနဲ့လည်း ရိုင်းမ်တို့ ဆေးရုံသီးသန့်ခန်းလေးက လူတွေပင် နေစရာကောင်းကောင်းမရှိတော့။

"နိုင်းလ်မြင်းမိုရ်သမီးကတော့ ခုကတည်းက ဇာတိတွေပြနေပြီနော်၊ ဘူးဆိုဖရုံမသီးဘူးတွေ လာတော့မယ်ဟေ့
ရုပ်ကလေးက မွေးပေးတဲ့ဖအေနဲ့တူလို့ စိတ်ကလေးရော တူမလားအောက်မေ့တယ်၊ခုတော့ ဟိုဖအေလိုဇာတိတွေ ပြနေပါပေါ့လား"

နိုင်းလ်လက်ထဲရောက်မှ ကျေနပ်သွားသယောင် ပြန်ငြိမ်သွားတဲ့ မြစ်ဖြစ်သူကိုကြည့်ရင်း ဒေါ်ခင်အေးဟန်တစ်ယောက် ရေရွတ်နေတာဖြစ်သည်။
ရိုင်းမ်မှာတော့ ဘွားဘွားကြီးရဲ့အပြောမှာ ရယ်လိုက်ချင်ပေမဲ့ ချုပ်ရိုးအနာကြောင့် လျှာကိုက်ပြီးသာ ငြိမ်နေရ၏။
ကိုကိုကတော့ သမီးမျက်နှာတစ်ကမ္ဘာဖြစ်နေတာများ ဘယ်သူ့ကိုမှလည်း မကြည့်သလို၊ဘွားဘွားကိုတောင် အရင်လို စကားနိုင်ပြန်မလုအား။အနူးညံ့ဆုံးမျက်ဝန်းတွေနဲ့ သမီးလေးကို တစ်ချိန်လုံးကြည့်နေတတ်သလို၊ရိုင်းမ်ကိုလည်း ကျေးဇူးတင်ကြောင်း တဖွဖွပြောတတ်သေးသည်။ဒီလို ပြုံးပျော်နေတဲ့ ကိုကို့ကိုမြင်ရတော့လည်း ဒီကာလတစ်လျှောက် ပင်ပန်းခဲ့တာတွေနဲ့ နာကျင်ခဲ့ရတာတွေက ဘာမှမဟုတ်တော့သလိုပါပဲ။မျက်စိစုံမှိတ်ရွေးချယ်ခဲ့တဲ့ နိုင်းလ်ရဲ့ရွေးချယ်မှုတွေ အမှားအယွင်းမရှိ ပျော်ရွှင်နေရခြင်းတွေအတွက်လည်း ကျေနပ်စိတ်တို့က အပြည့်အလျှံပါပဲ။

Melophile(Complete)Where stories live. Discover now