Part25

2K 274 16
                                    

နိုင်းလ်မြင်းမိုရ်တစ်ယောက် သူ့ရှေ့ကထင်တိုင်းကြဲနေတဲ့၊ဗိုက်တစ်လုံးနဲ့ မင်းမူနေတဲ့ကောင်လေးကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေမိသည်။
စိတ်ပျက်လက်ပျက်ဆိုတာကလည်း တခြားတော့မဟုတ်၊ ဘာတွေတွဲဖက်စားသုံးနေမှန်းမသိတာကြောင့်ပင်။
ရိုင်းမ်မှာ တခြားကိုယ်ဝန်ဆောင်တွေလို မူးဝေနေတာ၊မနက်တိုင်းခံစားကြရတဲ့ အော့အန်တာမျိုးတွေလည်း  ဖြစ်လေ့မရှိ။ကျန်းမာရေးဆိုလည်း အခု၄လပြည့်ချိန်အထိ ဘာချို့ယွင်းချက်မှမရှိ အကောင်းတိုင်းပင်။ဆိုးတာဆိုလို့ အစားကျွေးမရခြင်းနဲ့ ဘာတွေစားချင်နေမှန်းမသိတာပင်။မရနိုင်တာတွေ တောင်းဆိုပြီး ထစ်ခနဲရှိ စိတ်ကောက်လိုက်၊မထွက်တဲ့မျက်ရည်တွေကို ညှစ်ထုတ်လိုက်လုပ်တာကလည်း ခဏခဏ။

နောက်ပြီး ချွဲနွဲ့ပြီးလည်း လူကြီးတွေရဲ့စိတ်ကို အပိုင်စားယူထားသေးသည်။ 'အကြည့်လက်ရာ အကြော်အလှော်တွေကို လွမ်းနေတာ'ဆိုပြီး video callကနေ ငိုမဲ့မဲ့လုပ်ပြလိုက်တာ ဒီနေ့မနက်ပဲ ရန်ကုန်ကနေ ပါဆယ်ပုံးကြီး ရောက်လာတာပဲကြည့်တော့။
ရန်ကုန်မှာတုန်းက ရိုင်းမ်စားပြီး ကြိုက်သွားတဲ့ ချဉ်ပေါင်ကြော်၊ငါးပိကြော်၊ငါးခြောက်ထောင်းကြော်၊ငါးနီတူကြော် စတာတွေကို သေချာကြော်လှော်ပြီး လေစုပ်အိတ်အထပ်ထပ်နဲ့ အောက်စဖို့ဒ်အိမ်အရောက် ပို့ပေးလိုက်တာပဲ။
ရိုင်းမ်ဟဲရစ်ဆန်လေးကလည်း ထိုပုံးကြီးရောက်လာတာနဲ့ ဗိုက်ပူလေးတကိုင်ကိုင်လုပ်ပြီး အကုန်ဖြည်ခိုင်း၊စားဖို့ပြင်တော့တာပဲ။ကျွန်တော်ကတော့ သူထမင်းစားမှတ်အမှတ်နဲ့ ထမင်းပူပူလေးကိုပါ အဆင်သင့်ခူးပေးနေတာ၊ ကျေးဇူးရှင်လေးက မနေ့ညကမှ လီနွန်လာပို့သွားတဲ့ ပေါင်မုန့်ထုပ်ကြီးထဲကနေ ပေါင်မုန့်တွေတစ်ချပ်ပြီးတစ်ချပ်ယူပြီး ရန်ကုန်ကရောက်လာတဲ့ ချဉ်ပေါင်ကြော်တွေ၊ငါးပိကြော်တွေနဲ့ တွဲစားနေတော့တာပဲ။ဘာပြောရမှန်းမသိလို့ စိတ်ပျက်လက်ပျက်နဲ့သာ မေးထောက်ပြီးကြည့်နေမိတော့တယ်။

"လူကို ဘာတွေကြည့်နေတာလဲ ကိုကိုရဲ့"

"အံ့ဩလွန်းလို့၊ဘာပြောရမှန်းမသိတော့လို့ ထိုင်ကြည့်နေတာလေ"

Melophile(Complete)Where stories live. Discover now