Part8

2.6K 314 31
                                    

"မျက်နှာလေးကပြုံးပါဦးဗျာ၊ပိတ်ရက်ကျရင် ကိုကိုလာခဲ့မှာပေါ့"

"ပိတ်ရက်ကပိတ်ရက်ပဲဟာကို၊ဘေဘီက ခုလည်း ကိုကိုနဲ့မခွဲချင်သေးဘူးလို့
မနေ့ညကမှ ချစ်သူတွေဖြစ်တာကို၊မနက်လင်းတော့ ခွဲနေရပြီ"

နှုတ်ခမ်းလေးတစူစူနဲ့ လက်မောင်းမှာခေါင်းမှီထားရင်း ချွဲနေတဲ့ကောင်လေးကြောင့် နိုင်းလ်မြင်းမိုရ်ရဲ့ နှလုံးသားဟာ အရင်လိုအေးစက်ဖို့တောင် အချိန်မရှိနိုင်ရှာတော့။
ဘူတာထိလိုက်ပို့တဲ့ကောင်လေးက ရထားမလာခင် မိနစ်အပိုင်းအခြားလေးမှာကို ချွဲဖြစ်အောင်ချွဲသေးသည်။တစ်ညလုံးလည်း ရင်ခွင်ထဲမှာတိုးဝင်ရင်းအိပ်နေတာဟာ ခွေးပေါက်လေးလိုပင်။
ဒီကြားထဲမှာလည်း တစ်ခါမှမတွေ့ဖြစ်ကြဘဲ စာပို့၊ဖုန်းပြောဆက်သွယ်ရုံသာရှိခဲ့ကြပေမဲ့ ပြန်တွေ့ချိန်မှာလည်း တစ်ချက်ကလေးမှ စိမ်းသက်မနေခဲ့ဘဲ နွေးထွေးလွန်းနေတာကိုက စိတ်ချင်းအတော်နီးစပ်ခဲ့ကြောင်းရဲ့ သက်သေပင်ဖြစ်လိမ့်မည်ထင်ပါရဲ့။

"ကိုကိုသိလား...ဘေဘီ မနေ့ကသဝန်တိုတယ်ဆိုတာကလေ ကိုကို့စိတ်ကို ဘေဘီသေချာမသိရသေးလို့၊ကိုကိုက လိင်တူချင်းတစ်ခါမှတောင် မတွဲဖူးတဲ့သူဆိုတော့ အခုလည်း ကောင်မလေးတွေကိုပဲ ကြိုက်သွားပြန်ပြီလားဆိုပြီး ကိုယ့်စိတ်နဲ့ကိုယ်ပူလောင်နေရတာ။
အခု ကိုကို့စိတ်ကို ဘေဘီသိသွားရပြီဆိုတော့ ဘေဘီက အဲ့လိုမဆိုးတော့ဘူးနော်၊ကိုကို အလုပ်ကိစ္စကြောင့် တခြားမိန်းကလေးတွေနဲ့အတူတွဲရလည်း ဘေဘီ့ကို မတွေးဘဲ၊အလုပ်ဖြောင့်ဖြောင့်လုပ်နော် သိလား"

အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပေးတဲ့ကောင်လေးက တမင်မရည်ရွယ်ပါဘဲကို ကိုယ့်ကိုအချစ်ပိုအောင် လုပ်နေနိုင်တာပဲဖြစ်သည်။

"ဒါဆို ဘေဘီက ကိုယ့်ကိုသဝန်မတိုတော့ဘူးပေါ့"

"အွန် အဲ့လိုတော့လည်း မဟုတ်ဘူးပေါ့၊ကိုကိုနဲ့ပတ်သက်ရင် ကိုကို့ပခုံးပေါ်လာနားတဲ့ လိပ်ပြာလေးကအစ ဘေဘီကသဝန်တိုချင်တယ်
ဒါပေမဲ့ အလုပ်ကလည်း အလုပ်မို့၊ဘေဘီ့ရဲ့ သဝန်တိုစိတ်ကို ထိန်းထားမှာပေါ့လို့"

Melophile(Complete)Where stories live. Discover now