အခန်း(၁)

464 37 8
                                    

အခန်း(၁)

ကျွန်မ မစ္စတာ လုံကို မကယ်ဘူး။



အရှေ့ပင်လယ်(တုံးဟိုင်) အဆင့်မြင့် ပုဂ္ဂလိက ဆေးရုံ ဌာနမှူးရုံးခန်း။

" ဘုန်း" ဟူသည့် အသံဖြင့် ထူထဲသော ဆေးမှတ်တမ်းများမှာ စားပွဲဖြင့် ဆောင့်ရိုက်လိုက်သည်။ ဌာနမှူးလင်း၏ မျက်နှာမှာ နီရဲသွားကာ "Han Yunxi၊ Mr. Long က လင်းယွင်အုပ်စုရဲ့ အကြီးဆုံးရှယ်ယာရှင်ပဲ။ မင်း သူ့ကို အဆိပ်ဖြေပေးဖို့အတွက် ဦးစားပေးရမယ်။”

ဌာနမှူး၏ ဒေါသကို မျက်နှာမူလျက် Han Yunxi မှာ  အိတ်ကပ်ထဲသို့ သူမ၏လက်များကို ထည့်လိုက်ပြီး သူမ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

"ဌာနမှူးလင်း၊ စိတ်မကောင်းပါဘူး။ Mr.Long က ခန္ဓာကိုယ်ထဲမှာ နာတာရှည် မြွေအဆိပ် ခံစားနေရတာပါ။ အရေးပေါ်အခြေအနေကလွဲရင် ဒီမှာ အလှည့်ကျော်ဖို့ ခွင့်မပြုနိုင်ဘူး။"

“မင်းဘာသိလဲ၊ အဲ့က လင်းယွင်ကွ။" ဌာနမှူးမှာ ဒေါသတကြီး အော်လိုက်လေသည်။

"ဌာနမှူး၊ ကျွန်မ ထပ်ပြောမယ်။၊ Mr .Long က အရေးပေါ်ကိစ္စမဟုတ်ဘူး။ သူက ဘယ်သူပဲဖြစ်ဖြစ် ဆရာဝန်တစ်ယောက်ရဲ့ရှေ့မှာ အားလုံးက..."

Han Yunxi မှာ သူမ၏ စကားမဆုံးနိုင်ခင်မှာ ဌာနမှူးမှ စူးရှစွာ ဖြတ်ပြောလိုက်လေသည်။ "တော်စမ်း။ ဆရာဝန်တွေရှေ့မှာ လူတိုင်းတန်းတူပဲ၊ ယောက်ျားမိန်းမပဲ ခွဲတယ်ဆိုတာမျိုးတွေ ငါ့ကို လာမပြောနဲ့။ Han Yunxi၊ မင်းကို ငါ အခုပြောလိုက်မယ်။ အဆိပ်ဖြေဖို့ ချက်ချင်းစီစဉ်။ မဟုတ်ရင် ဒီနေ့ကစပြီး ဆေးလောကကနေ ထွက်သွားလိုက်တော့။"

သူက သူမကို သတိပေးနေသည်လား။

သူက Han  Yunxi  မှာ ကြောက်ရွံ့သွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူမ တည်ငြိမ်ကာ အလေးအနက် ရှိနေဆဲပင်။ "ဌာနမှူးလင်း၊ ကျွန်မရဲ့ရှေ့မှာ ယောက်ျားနဲ့ မိန်းမ ကွာခြားမှု ဆိုတာမျိုး မရှိဘူး။ ကျွန်မ ကယ်ပေးချင်တဲ့သူတွေနဲ့ မကယ်ချင်တဲ့သူတွေ နှစ်မျိုးပဲရှိတယ်။ ကျွန်မ Mr. Long ကို မကယ်ချင်ဘူး။ တကယ်လို့ရှင်  သူ့ကို ကယ်ချင်ရင် တခြားတစ်ယောက်ကို ခိုင်းလိုက်ပါ။”

မြင်မြင်ချင်း အချစ်Where stories live. Discover now