အခန်း(၂၈)

136 25 2
                                    

အခန်း(၂၈)

ဓါတ်လှေကားတွင် ဆုံတွေ့ခြင်း။






Han Yunxi မှာ အံ့သြလွန်းနေ၍ ခဏလောက် လှည့်ကြည့်ရန်ပင် မေ့သွားတော့သည်။ Long Feiye မှာလည်း အံ့သြသွားပြီး ခဏလောက် လမ်းလျှောက်လာရန် မေ့သွားလေသည်။

သူက သူမကို မှန်ထဲမှ ကြည့်လိုက်လျှင် သူ၏ မျက်လုံးများမှာ ချက်ချင်း သူမ၏ ပုခုံးပေါ် ကျရောက်လာသည်။ ပခုံးတစ်ဖက်ကျ ၀တ်စုံမှာ ဆွဲဆောင်မှုရှိသော ညှပ်ရိုးများ အပါအဝင် Han Yunxi ၏ ပခုံးအားလုံးကို ထင်ရှားနေစေသည်။

Long Feiye ၏မျက်လုံးများမှာ မှန်နှင့်ဝေးရာသို့ ဖြည်းညှင်းစွာ နိမ့်ဆင်းလာကာ Han Yunxi ၏ပိန်သွယ် ဖြောင့်တန်းသောနောက်ကျောပေါ် ရောက်သွားပြီးနောက်၊ သူမ၏ဒူးရှည်စကတ်တစ်လျှောက်နှင့် သွယ်လျလှပသော ခြေသလုံးကြွက်သားများပေါ်သို့ ကျရောက်လာသည်။ ထို့နောက်...

ထို့နောက် ဓာတ်လှေကားတံခါးမှာ ပိတ်သွားလေသည်။

Long Feiye မှ ခလုတ်ကို နှိပ်လိုက်ချိန်တွင် အချိန်နှောင်းသွားပြီဖြစ်သည်။ Han Yunxi မှာလည်း လှည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် သူမ၏ နှလုံးကို ဖိလိုက်လေသည်။ သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေသည်။

အစောတွင် သူမ ထိုကောင်၏ အမူအရာနှင့် မျက်လုံးများကို မှန်ထဲမှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူက သူမကို ကြည့်နေတယ်!

သူက မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေသကဲ့သို့ အေးစက် ခက်ထန်ကာ အကြည့်များမှာ သူမကို စစ်ဆေးနေသကဲ့သို့ပင်။ အတိုချုပ်ပြောရလျှင် သူမ စိတ်ခံစားချက် မကောင်းတော့ပေ။ သူမတွင် အတွေးတစ်ခုသာ ပေါ်လာတော့သည်။ သူမ ထွက်ပြေးသွားချင်သည်။

သုံးဆယ့်ခုနစ်ထပ်တွင် အမှတ်၇ လက်ဖက်ရည်အိမ် ရှိနေသည်။ ဒီကောင် လက်ဖက်ရည်သောက်ရောက်လာတာလား!!

သူက လက်ဖက်ရည်သောက်ပြီး ပြန်သွားသင့်တယ်မဟုတ်လား ။

Long Feiye မှာ အပေါ်ထပ်ကို မတက်ပဲ အောက်ထပ်ဆင်းသွားမည်ဟု Han  Yunxi မှာ ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သည်။ သူမ ငါးဆယ့်ရှစ်ထပ်သို့ရောက်ရှိသွားပြီး ကိုယ့်ကိုကိုယ် ပြင်ဆင်ကာ ခရမ်းရောင်လမဏ္ဍပ်တွင်းသို့ လျှောက်သွားလိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now