အခန်း(၂၉)

116 26 2
                                    

အခန်း(၂၉)

နှောင့်ယှက်မှုအတွက် တရားစွဲမယ်။






ချစ်သူ!!

Han  Yunxi  မှာ အံ့ဩသွားပြီး ခဏတာ နားမလည်နိုင် ဖြစ်သွားတော့သည်။ သူမ ဘယ်က ရည်းစား ရလာတာလဲ!!!

Han Yunxi မှာအချိန်အတော်ကြာ စဉ်းစားပြီးနောက်  ဝေ့ပေါ်တွင် Gu Qishao ကို ငြင်းပယ်ရန် သူမတွင် ချစ်သူရှိသည်ဟု မှားယွင်းစွာ ကြေငြာခဲ့သည်ကို သတိရသွားသည်။

"ဟမ်…” Long Feiye မှာ သူမ၏အဖြေကိုစောင့်ဆိုင်းရန် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း အေးစက်စွာ စိုက်ကြည့်နေသည်။

Han Yunxi မှာ ခေါင်းငုံ့ပြီး ကိုယ့်ကိုကိုယ် ကြည့်လိုက်ပြီးနောက် ပေါ်လွင်သော အဝတ်အစားများ ဝတ်ထားမိကြောင်း အနည်းငယ်ပင် မခံစားရပေ။ ထို့အပြင် သူမ ထိုသို့ ဝတ်သည်ဖြစ်စေ၊ မဝတ်သည်ဖြစ်စေ သူမချစ်သူ သိလျှင်လည်း Long Feiye မှ ဘာဖြစ်မည်လဲ။

Long Feiye ၏မေးခွန်းထုတ်သည့်အကြည့်ကို ကြည့်ပြီး Han Yunxi မှာ ပို၍ စိတ်ရှုပ်လာသည်။ "မစ္စတာလုံ၊ ဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ။"

Long Feiye ၏ အမူအရာမှာ အေးခဲသွားပြီး သိသိသာသာ အံ့သြသွားတော့သည်။

“ဟန်..” Han Yunxi မှာ သူ၏ စံနမူနာကို လိုက်၍ သူက သူမကို အဖြေပေးရမည်ဆိုသည့်အတိုင်း အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သို့သော်၊ Long Feiye မှာ သူတို့၏ မျက်လုံးချင်း ဆုံမိသွားပြီး အတန်ကြာတွင် သူမ၏ စိစစ်မှုကို ရှောင်တိမ်းလိုက်လေသည်။

Han  Yunxi  မှာ သူ့ကို အမှန်တကယ် ပြန်မဖြေစေချင်ပဲ သာမာန်ကာလျှံကာ ပြောလိုက်ရုံပင်။

သူမက အင်္ကျီကို သူ့ဆီပြန်ပစ်ပေးလိုက်ပြီး ပြတ်ပြတ်သားသား လှည့်၍ ဒေါက်မြင့်ဖိနပ်စီးကာ လှည့်ထွက်လာတော့သည်။ သူမ၏ကျောပြင်မှာ အလွန်ပြေပြစ်ဟန် ရှိလေသည်။

Long Feiye ၏ နက်ရှိုင်းပြီး အေးစက်သော မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များကို ရှားပါးစွာ ပြသလာသည်။သူက Han  Yunxi ၏ တဖြည်းဖြည်း ဝေးသွားသည့် နောက်ကျောကို ကြည့်ကာ သူမ၏ နောက်မှ လိုက်ရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ငြိမ်နေခဲ့သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now