အခန်း(၉)

144 30 6
                                    

အခန်း(၉)

မွေးမှတ်။ ကိုက်ရာအမှတ်။





Long Feiye ၏ စကားမဆုံးခင် Han Yunxi မှာ အလျင်စလို ဖြတ်ပြောလိုက်သည်။ "Duanmu Yao က မြွေအဆိပ်ကို အပြည့်အ၀ မကိုင်တွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် အဆိပ်နှစ်ခုဟာ အပြန်အလှန် တုံ့ပြန်သွားပြီး ပြင်းထန်တဲ့ အသက် အန္တရာယ်ဖြစ်လာစေတယ်။ ကျွန်မ အဆိပ်ကို ခံစားမိပြီး ခွဲစိတ်ခန်းမှာ ရှင့်ကို အဆိပ်ဖြေပေးဖို့ ဝင်လာတာဘဲ။ ဒါပဲ ဖြစ်သွားတာ။"

"မင်း..."

Long Feiye မှ စကားစလိုက်သည်နှင့် Han Yunxi မှာ ထပ်မံ အတင်းအကျပ် ဖြတ်ပြောလိုက်ပြန်သည်။ "Mr. Long ၊ ရှင်က  နေကောင်းနေပြီ။ ပြသနာ မရှိသင့်တော့ဘူး။ ကျွန်မကို ရှင့်ရဲ့ သွေးခုန်နှုန်းကို နောက်တစ်ကြိမ် စမ်းသပ်ခွင့်ပြုပါ။"

Long Feiye မှာ မလှုပ်မယှက်ဖြင့် သူမကို စိုက်ကြည့်ရင်း "မင်း..."

Han Yunxi မှာ သူ၏ လက်ကို တိုက်ရိုက် ဆွဲယူကာ ဆိုဖာလက်တန်းပေါ် ဖိထားလိုက်သည်။ သူ၏ သွေးခုန်နှုန်းကို စစ်ဆေးရင်း စကားမပြောရန် အချက်ပြလိုက်သည်။

Long Feiye ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ယောက်ထံမှ သူ၏ လက်ကို အတင်းအကျပ် ဆွဲကိုင်ခံလိုက်ရခြင်းပင်။ သူက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ဒေါသမထွက်ပေ။ နောက်ဆုံးတော့ Han Yunxi မှာ ဆရာဝန်တစ်ယောက်ပင်။

Long Feiye မှ ငြိမ်သက်သွားသည်နှင့် တစ်ပြိုင်နက် အခန်းကြီးသည်လည်း တိတ်ဆိတ်သွားသည်။

Han Yunxi မှာ သူ၏ သွေးခုန်နှုန်းကို စစ်ဆေးနေခြင်း မဟုတ်ပေ။ သူမ မူလတွင် ဘယ်လို ထွက်ခွာရမည်ကို စဥ်းစားကာ စိတ်လွင့်နေခဲ့သည်။ သို့သော် Long Feiye ၏လက်ရှိ မွေးရာပါအမှတ်အသားတစ်ခုကို မတော်တဆတွေ့လိုက်ရပြီးနောက် အံ့ဩသွားတော့သည်။

ဤမွေးရာပါ အမှတ်အသားမှာ ကိုက်ရာ အမှတ်အသားနှင့် အလွန်တူသည်။ အကယ်၍ ဂရုတစိုက် မကြည့်လျှင် အကိုက်ခံရသည့် အမှတ်အသားအဖြစ် မှားသွားနိုင်သည်။

ဒီအနေအထား၊ မွေးရာပါအမှတ်အသား...

Han Yunxi မှာ ရုတ်တရက် အလွန် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ တစ်နေရာရာတွင် မြင်ဖူးနေခဲ့ကြောင်း သေချာနေသည့်တိုင် အတန်ကြာအောင် မမှတ်မိခဲ့ပေ။

မြင်မြင်ချင်း အချစ်Where stories live. Discover now