အခန်း(၅၇)

87 17 2
                                    

အခန်း(၅၇)

သခင်လေးချီက ပထမဆုံး လက်စားချေတယ်။





Han Yunxi နှင့် Long Feiye တို့မှာ ငြိမ်းချမ်းစွာ အိပ်မောကျနေကြသော်လည်း တုန်းဟိုင်မြို့တစ်ခုလုံးမှာ ဆူပွက်နေပုံရပြီး လူတိုင်းမှာ သူတို့အကြောင်း ဆွေးနွေးနေကြသည် ။

ပတ်လမ်းပေါ်တွင် ရဲရဲတောက်နေသော အနီရောင်ပြိုင်ကားတစ်စီးမှာ မီးရိပ်ကဲ့သို့ မြန်ဆန်စွာ အရှိန်ပြင်းပြင်းနှင့် လမ်းမပေါ်ရှိ ယာဉ်များကို အဆက်မပြတ် ကျော်တက်သွားနေသည်။ ကျော်တက်သွားခံရသော ယာဉ်မောင်းများသည် မနာလိုစိတ်လှုပ်ရှားနေကြသည်။ သူတို့က အမီလိုက်ကာ ယှဉ်ပြိုင်ချင်ကြသော်လည်း သတ္တိနှင့် မြင်းကောင်ရေအား မရှိကြပေ။

ပြိုင်ကားထဲရှိလူမှာ Gu Qishao အပြင် အခြားသူမဟုတ်ပေ။

မူလတွင် သူက ဆင်ခြေဖုံးရပ်ကွက်ရှိ ရေပူစမ်းအပန်းဖြေစခန်းသို့ ကစားရန် သွားရောက်ခဲ့သော်လည်း ဝေ့ပေါ် တွင် ဖြစ်ပျက်နေသည်ကို သိရှိပြီးသည်နှင့် အလျင်အမြန် ပြန်လာခဲ့သည်။ Long Feiye မှာ သူ့ထံမှ အမျိုးသမီးတစ်ဦးကို ခိုးယူကာ ခေါင်းကြီးပိုင်းသတင်းများကို ဖန်တီးလိုက်ခြင်းကြောင့် မဟုတ်ပဲ ဆိုးသွမ်းစွာ တည်းဖြတ်ထားသည့် ဗီဒီယိုများနှင့် မဟုတ်မမှန်စွပ်စွဲမှုများကြောင့် သူက ဒေါသထွက်နေလေသည် ။

သူက ချစ်သောမိန်းမကို သူသာရင် စွပ်စွဲနိုင်ပြီး အခြားမည်သူမျှ မတတ်နိုင်ပေ။

ဤလုပ်ငန်းတွင် လူဆိုးဂိုဏ်းအနည်းငယ်သာရှိပြီး သူက လုပ်ငန်းကို အကြိမ်အနည်းငယ်လုပ်ဖူးခဲ့သည်။ သူက ဖုန်းအနည်းငယ်ပြောပြီးသည်နှင့် နောက်ကွယ်တွင် ဘယ်သူရှိလဲ သိနိုင်သည်။

သူက စာရင်းရှင်းရန် မြို့သို့ အပြေးအလွှား ပြန်လာနေသည်။ သူက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး လီဗာကို ဆက်နင်းလိုက်သည်။ လေထန်သော ပြိုင်ကားတစ်စီးမှာ အဝေးသို့ ပျံသန်းသွားသကဲ့သို့ပင်။

သို့သော် ရုတ်တရက်ဆိုသလို အဖြူရောင်ပြိုင်ကားတစ်စီးမှာ ရှေ့မလှမ်းမကမ်းတွင် အတားအဆီးမရှိ အမြန်လမ်းကြားသို့ ရုတ်တရက် ကွေ့ဝင်လာခဲ့သည်။ Gu Qi မှာ လမ်းဘေးတွင် မည်သည့်ကားကိုမှ မမြင်သဖြင့် အရှိန်လျှော့ရန် ဘရိတ်ကို ပြတ်ပြတ်သားသား ဆက်တိုက်နင်းလိုက်လေသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now