အခန်း(၁၄)

150 28 4
                                    

အခန်း(၁၄)

မှားယွင်း ဖတ်ရှုခြင်း။




Gu Beiyue မှ တိုးညင်းစွာ ပြောလိုက်လေသည်။ "မစ္စတာလုံ၊ ဒေါက်တာဟန်က မင်းကို အဆိပ်ဖြေဖို့ ကူညီပေးနေချိန် တစ်ခုခုဖြစ်သွားတယ်။ အဲဒီအချိန်မှာ မင်းရဲ့အသိစိတ်က မရှင်းမလင်းဖြစ်နေတော့ နားလည်မှုလွဲနေတာဖြစ်မယ်။ ကျွန်တော် ရှင်းပြရင် ပိုကောင်းမယ်..."

Gu Beiyue မှ စကားမဆုံးခင် Long Feiye မှ ဖြတ်ပြောလိုက်လေသည်။ "ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။"

"မစ္စတာလုံ၊ တကယ်လို့ နားလည်မှုလွဲနေတာရှိရင် လင်းယွင်က ဆရာဝန်ကောင်းတစ်ယောက် ဆုံးရှုံးရလိမ့်မယ်။" Gu Beiyue မှာလေးနက်လာသည်။

Long Feiye မှာ လက်ပေါ်ရှိ မွေးရာပါ အမှတ်အသားကို အမှတ်မထင် စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။ "နားလည်မှု လွဲနေတာ မရှိဘူး၊ ဒီကိစ္စက ဒီမှာပဲ ပြီးပြီ။"

လက်နောက်ဘက်ရှိ အမှတ်အသားသည် ပြင်းထန်စွာ ကိုက်ထားခံရသကဲ့သို့ပင် မွေးရာပါဖြစ်သည်။ ကြီးပြင်းလာချိန်တွင် ဤမွေးရာပါအမှတ်အသားသည် အထင်အမြင်လွဲမှားမှုများစွာကို ဖြစ်စေခဲ့ပြီး ဂရုတစိုက်မကြည့်သူများထံမှ အကိုက်ခံရသည်ဟု ထင်မြင်ခံခဲ့ရသည်။

ဤရုပ်ဆိုးသော အမှတ်အသားကို ဖယ်ရှားရန် အရေပြားခွဲစိတ်မှု ပြုလုပ်ရန် လူများစွာမှ သူ့ကို အကြံပေးခဲ့ကြသည်။ ကံမကောင်းစွာဖြင့် မသိနိုင်သော အကြောင်းပြချက်အချို့ကြောင့် ၎င်းကို ဖယ်ရှားရန် တွန့်ဆုတ်နေကာ အခြားသူများမှ ထိလာခြင်းကိုလည်း မုန်းတီးခဲ့သည်။

Gu Beiyue ၏ မျက်လုံးများတွင် ရှုပ်ထွေးသောအရိပ်အမြွက် ဖြတ်သွားကာ အသံကို ရပ်တန့်လိုက်တော့သည်။

မကြာခင် ရှေ့နေလော့ မှာ ပြန်ရောက်လာသည်။ သူက ပြောလိုက်သည်။ “ဒေါက်တာဟန်က အယောင်ဆောင်တဲ့ ကိစ္စရပ်ကို စာချုပ်မဖျက်သိမ်းရသေးခင်အထိ မဆွေးနွေးဖို့ ခေါင်းမာနေပါတယ်။ သူမပြောတာက… မဟုတ်ရင် Duanmu Yao နဲ့ လင်းယွင် ကို အခုပဲ တရားစွဲပါမယ်တဲ့။”

ရှေ့နေလော့ မှာ Ning Cheng မှ ပြင်ဆင်ထားသည့် စွဲချက်ကို ပေးလိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now