အခန်း(၁၀)

140 26 4
                                    

အခန်း(၁၀)

အံ့ဩစရာ။





Ning Cheng မှာ Han Yunxi ၏ နားနေခန်းတွင် အနည်းငယ်ပင် ယဉ်ကျေးမနေခဲ့ပေ။ သူက ကော်ဖီတစ်ခွက်ဖျော်ကာ ဖြည်းညင်းစွာ သောက်နေခဲ့သည်။

"အခြေအနေ ဘယ်လိုလဲ။" Ning Cheng မှ မေးလိုက်သည်။

"ဘာဖြစ်တာလဲလို့ မေးတော့ အမှန်အတိုင်းပြောခဲ့တယ်။ တခြားဘာမှတော့ မပြောခဲ့ဘူး။" Han  Yunxi မှာ ၎င်းမှာ လိမ်နေခြင်းမဟုတ်ကြောင်း ကိုယ့်ကိုကိုယ် တွေးလိုက်သည်။

" မင်းကို သူတို့နဲ့ ပူးပေါင်းပြီး Duanmu Yao ကို တရားစွဲဖို့ မတောင်းဆိုဘူးလား။" Ning Cheng မှာ မေးလိုက်သည်။

Han Yunxi မှာ ခေါင်းယမ်းလိုက်ပြီး ကိုယ့်ကိုကိုယ် လန်းဆန်းသွားစေရန် Double Espresso တစ်ခွက် ဖျော်လိုက်သည်။ ခေတ္တအနားယူခြင်းမရှိပဲ တစ်လဆက်တိုက် အလုပ်လုပ်နေခဲ့သောကြောင့် သူမတွင် စိတ်ပိုင်းဆိုင်ရာပြသနာရှိနေသည်ဟု တွေးလိုက်လေသည်။

မဟုတ်လျှင် အစော၌ ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြရန် အကြောင်းပြချက်ရှာ၍ မရတော့ပေ။

Han Yunxi မှ ကော်ဖီကို နှပ်ပြီးသည်နှင့် Ning Cheng မှာ ဆွဲယူကာ ပြောလိုက်သည်။ "Double Espresso။ မင်း ဒီလိုမျိုး သောက်လို့မရဘူး။"

ကော်ဖီတွင် Espresso သည် အရက်နှင့် ညီမျှသည်။ ၎င်းမှာ အလွန်အရသာပြင်းပြီး အထူးလန်းဆန်းစေသည်။ Double Espresso မှာ နှစ်ခွက်ဟု မဆိုလိုသော်လည်း တူညီသောရေ ပမာဏနှင့် ကော်ဖီမှုန့် နှစ်ဆဟု ဆိုလိုသည်။ မည်မျှပြင်းမည်ကို တွေးကြည့်နိုင်သည်။

Han  Yunxi မှ ကော်ဖီကြိုက်ကြောင်း Ning Cheng မှာ သိထားသော်လည်း ဤကဲ့သို့ သောက်လိမ့်မည်ဟု မထင်မှတ်ထားပေ။

"မင်းက ဆရာဝန်ဖြစ်နေတာတောင်၊ ဒီလိုဟာတွေ အလွန်အကျွံသောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ မသိဘူးလား။ အထူးသဖြင့် တစ်လလောက် ကောင်းကောင်းအနားမယူရသေးရင် သောက်လို့မရဘူး။ အိပ်ချင်ပေမယ့် အိပ်လို့မရ ဖြစ်နေလိမ့်မယ်။  အာရုံကြောတွေ ယိုယွင်းလာလိမ့်မယ်။ မင်းအတွက် လုံလောက်ပြီ။”

Ning Cheng မှာ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သူမအား ဆူပူရင်း ကော်ဖီကို တစ်ငုံသောက်လိုက်သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now