အခန်း(၅၆)

103 20 6
                                    

အခန်း(၅၆)

ငိုချင်လာခြင်း။





တောက်ပစွာ ပွင့်လန်းနေသော နေကြာပန်းများ၊ နူးညံ့သိမ်မွေ့သော အပြုံးများနှင့် ဤမျှလှပသော ချစ်မေတ္တာစကားများ…..

၎င်းတို့မှာရုတ်တရက်ရောက်လာကာ Han  Yunxi  မှာ အံ့သြတုန်လှုပ်သွားသော်လည်း နားမလည်နိုင်သော ရင်းနှီးမှုကို ခံစားနေဆဲဖြစ်သည်။

သူမ အချိန်အတော်ကြာအောင် မဖြေနိုင်ပေ။ Long Feiye မှာ ဘရိုကိတ်သေတ္တာကို ဖြည်းညင်းစွာဖွင့်လိုက်လေသည်။

Han Yunxi  မှာ မူလတွင် ၎င်းကို လက်စွပ်တစ်ကွင်းဟု ထင်ခဲ့သော်လည်း အတွင်းတွင် ကျောက်စိမ်းသလင်းဖြူလက်ကောက်ကို မြင်လိုက်ရသောအခါ  အံ့ဩသွားတော့သည်။

အရမ်းရင်းနှီးတယ်။

လက်ကောက်မှာ သူမကိုယ်ပိုင် ပစ္စည်းကဲ့သို့ မထိန်းနိုင်ပဲ လက်လှမ်းကာ ယူချင်လာမိသည်။

ဘာကြောင့် ဒီလိုဖြစ်နေတာလဲ။

ဒါနဲ့ရင်းနှီးမှုက ဘယ်ကလာတာလဲ။

Han  Yunxi  မှာ ခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမ တံခါးကို မှီ၍ ငေးမော စိုက်ကြည့်ရင်း အတွေးများနေကာ စကားမပြောနိုင်ပေ။

Long Feiye မှာ အတန်ကြာ စောင့်နေပြီး အလေးအနက် မေးလိုက်သည်။ " တကယ်လို့ မင်း ဘာမှမပြောရင် လက်ခံတယ်လို့ ယူဆလိုက်တော့မယ်။"

Han Yunxi မှာ နောက်ဆုံးတော့ တည်ငြိမ်လာတော့သည်။ သူမ ငြင်းတော့မည်မှာ သေချာသော်လည်း သူက ပြောပြီးနောက်တွင်တော့၊ စဉ်းစားစရာဖြစ်လာပြန်သည်။ သူမ ပြောလိုက်လေသည်။ "မဟုတ်ဘူး၊ ကျွန်မ စဉ်းစားဦးမယ်။"

Long Feiye မှာ ချက်ချင်းမေးလိုက်သည်။ "ဘယ်လောက်ကြာကြာလဲ။"

အစောတွင် ရေလိုနူးညံ့သော ထိုအမျိုးသားမှာ ယခုအချိန်တွင် ကြီးစိုးလာပြန်သည်။

Han Yunxi မှာ ဤအခိုက်အတန့်တွင် အမှန်တကယ် စိတ်ရှုပ်ထွေးနေပြီး မည်သို့ဖြေရမည်ကို မသိပေ။

Long Feiye မှာ မေးလိုက်လေသည်။ "သုံးမိနစ်လား။"

Han Yunxiမှာ အလျင်စလို ငြင်းလိုက်သည်။ "မဟုတ်ဘူး။ အရမ်းမြန်တယ်။"

မြင်မြင်ချင်း အချစ်Where stories live. Discover now