အခန်း(၁၇)

150 27 7
                                    

အခန်း(၁၇)

တာဝန်ယူမှုအပြည့် အဆုံးအထိ တာဝန်ယူမယ်။






Han Yunxi မှာ ရေခဲပင်လယ်ပေါ်တွင် ရပ်နေသည်။ သူမ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း အစွန်းတစ်ဖက်ကို မမြင်နိုင်ပေ။

အပူချိန်မရှိသော နေရောင်ခြည်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကောင်းကင်မှ နှင်းပွင့်များ ကြွေကျလာသည်။

Han  Yunxi  မှာ ယခုအခိုက်အတန့်တွင်သာ ချမ်းအေးမှုကို ခံစားလာရသည်။

ကိုယ့်ကိုကိုယ် တင်းတင်းကျပ်ကျပ် ဖက်ထားရင်း စိတ်လွတ်နေသကဲ့သို့ ပန်းတိုင်မဲ့စွာ ရှေ့ကို လှမ်းသွားမိသည် ။

သူမရှေ့တွင် ကြီးမားသောရေခဲတွင်းကြီးတစ်ခု ရှိနေသည်ကို သိသာထင်ရှားသော်လည်း  မျက်ကွယ်ပြုကာ ခြေတစ်ဖက် ချော်ကာ ပြုတ်ကျသွားတော့သည်။

သူမ မထိမခိုက်ပဲ ရေခဲပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူမ မတ်တပ်ထရပ်လိုက်လျှင် ဘေးတွင် အေးခဲနေသည့် အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတော့သည်။

သူတို့ဘယ်သူတွေလဲ!

Han Yunxi  မှာ အနီးကပ် လျှောက်သွားပြီး အနက်ရောင်ရေခဲပြင်ကို အနီးကပ်ကြည့်လိုက်လျှင် Long Feiye ကို တွေ့လိုက်ရလေသည်။

"Long Feiye...Long Feiye...Long Feiye..."

သူမ နတ်ဆိုးပူးကပ်ခံနေရသကဲ့သို့ ကိုယ့်ကိုယ်ကိုယ် တိုးတိုးတိတ်တိတ် ညည်းညူနေလေသည်။

"သူမ စကားပြောနေတာလား။" Gu Qishao မှာ သံသယဖြင့် မေးလိုက်သည်။

ဤအချိန်တွင် Han  Yunxi  မှာ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး သတိလစ်ကာ တီးတိုးရေရွတ်နေသည်။

Gu Beiyue၊ Gu Qishao နှင့် Ning Cheng တို့မှာ ဆေးရုံကုတင်တစ်ဝိုက်တွင် စုရုံးကာ သူမကိုကြည့်၍ နိုးလာမည့်အချိန်ကို စောင့်နေကြသည်။ Long Feiye မှာ စိတ်အား အနားပေးထားသကဲ့သို့ မျက်လုံးမှိတ်ထားကာ အနီးနားရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်ခုံးများမှာ ယခင်အတိုင်း အေးစက်နေပြီး စိတ်အခြေအနေကို နားလည်ရခက်စေသည်။

မြင်မြင်ချင်း အချစ်Место, где живут истории. Откройте их для себя