အခန်း(၃၄)

124 27 4
                                    

အခန်း(၃၄)

လင်းယွင်ဆေးရုံသို့ နောက်တစ်ကြိမ် သွားရောက်ခြင်း။



"ကြယ်နှလုံးသားရဲ့ကတိပါ။"

ဤသည်မှာ လွန်ခဲ့သော သုံးရက်က Han Yunxi မှ ထုတ်လုပ်ခဲ့သော ထုတ်ကုန်အသစ်ဖြစ်ပြီး လူများစွာက ၎င်းကို မှာယူခြင်းမရှိသေးပေ။

Ajie မှာ ပြုံးကာ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြလိုက်လျှင် Gu Qishao မှာ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ "စိတ်ဝင်စားဖို့ကောင်းတယ် တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။"

"အော်ဒါမှာယူတဲ့အခါ စွန့်စားရပါလိမ့်မယ်။ ဒါကြောင့် သတိထားပါ။" Ajie  မှာ အပြုံးဖြင့် ပြောလိုက်သည်။

Gu Qishao မှာ အလွန်ပျော်ရွှင်နေသည်။ "ဒါပဲ။"

"ဒါက လတ်လတ်ဆတ်ဆတ်လုပ်ပေးမယ့် ထုတ်ကုန်တစ်ခုပါ။ ရှင်က မိနစ်နှစ်ဆယ်လောက်စောင့်ရလိမ့်မယ်။" Ajie မှာ ဆက်ပြောလိုက်သည်။

"ဟားဟား၊ ဒီနာမည်အတွက်တင် ငါ တစ်နာရီလောက်စောင့်နိုင်တယ်။" Gu Qishao မှာ အလွန် ပျော်ရွှင်နေလေသည်။

Ajie မှာ သူ့အတွက် Macchiato တစ်ခွက်ပေးပြီးနောက် သူမ မီးဖိုချောင်ရှိ Han Yunxi ထံသို့ ကိုယ်တိုင်ကိုယ်ကျ အမှာ ပေးပို့လိုက်သည်။

"ယွင်ရှီး ၊ မင်း သူ့ကို မြင်ဖူးလား။ အဲ့ဒီ လူကြီးမင်း ..."

Ajie မှ စကားမဆုံးခင် Han Yunxi မှာ ဖြတ်ပြောလိုက်သည်။ "အရမ်းမဟားတရားချောတယ်။"

"မဟုတ်ဘူး၊ ငါအမြဲတမ်း သူနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားရတယ်။" Ajie မှာ လေးလေးနက်နက်ပြောလိုက်သည်။

Han Yunxi မှာ စဥ်းစားလိုက်သည်။ Gu Qishao က ယွင်ရှန်းကို ရောက်လာတာ တိုက်ဆိုင်မှုတစ်ခုပဲ ဟုတ်တယ်မလား။ တကယ်လို့ ဒီကောင်က လင်းယွင် ဆေးရုံကို သွားပြီး စစ်ဆေးရင်တောင် သူမက ဒီမှာရှိတယ်ဆိုတာ ဘယ်သူက မသိနိုင်ဘူး။ အစောက မြန်မြန် ပုန်းနေလိုက်တာကြောင့် သူက သူမကို မတွေ့သွားလောက်ဘူး!!!

" မင်းဘာတွေ စဥ်းစားနေတာလဲ။"

Ajie မှာ Han Yunxi  ၏လက်ကို ဆွဲလိုက်လျှင် Han  Yunxi  မှာ သတိပြန်ဝင်လာကာ မေးလိုက်လေသည်။  "ဘာပြသနာရှိလို့လဲ။"

မြင်မြင်ချင်း အချစ်Where stories live. Discover now