အခန်း(၅၁)

97 19 14
                                    

အခန်း(၅၁)

ကိုယ် မင်းကို လိုက်မယ်။





Han Yunxi မှာ Long Feiye ၏ ကိုက်ရာ မွေးအမှတ်အသားကို စေ့စေ့စပ်စပ်နှင့် လေးလေးနက်နက် ကြည့်မိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်ဖန် ရင်းနှီးပြီး ထိန်းချုပ်မရသည့် ခံစားချက်က ရုတ်တရက် ပေါ်လာပြန်သည်။ အထူးသဖြင့် သူမ ထိတွေ့ချင်နေကာ  Long Feiye ဖြင့် မသက်ဆိုင်ပဲ သူမဖြင့် သက်ဆိုင်နေသကဲ့သို့ပင်။

ဘာဖြစ်တာလဲ။

ဂွမ်းတံမှာ ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး Han  Yunxi  မှာ ၎င်းကို အလိုအလျောက် လက်ဖြင့် ညင်သာစွာ ထိတွေ့လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်၊ Long Feiye မှာ ယခင်အကြိမ်ကဲ့သို့ မနှစ်မြို့ဟန်ဖြင့် ရှောင်တိမ်းသွားခြင်း မပြုပဲ သူမကဲ့သို့ပင် မှင်သက်နေသည်။  

အချိန်အတော်ကြာယူပြီးမှ သူက မေးလိုက်သည်။ "ဘာလို့လဲ။" 

ဘာလို့လဲ။

သူတို့ ပထမဆုံး တွေ့ခဲ့ချိန်တွင် သူမ သူ၏ လက်ကို ဘာကြောင့် ရုတ်တရက် ထိခဲ့သည်လဲ။ မူလတွင် ၎င်းမှာ ဖြာယောင်းမှုတစ်ခုဟု ထင်ခဲ့သော်လည်း မဖြစ်နိုင်တော့ပေ။

ဘာလို့လဲ။

ယခု သူမ ဤမွေးရာပါ အမှတ်အသားကို ညင်သာစွာ ထိလိုက်သောအခါတွင် သူက ၎င်းကို ငြင်းပယ်ခြင်း မရှိခဲ့ပေ။ ထိုအစား သူက ယခင်တည်းမှ သူမကို သိထားသလို ခံစားရပြီး သူမ၏ နူးညံ့သော အထိအတွေ့ကိုပင် ကျေကျေနပ်နပ် နှစ်သက်လာခဲ့သည်။

ဘာလို့လဲ။

သူက သူမနှင့် ရင်ဆိုင်ရသောအခါ ခြွင်းချက်အကြိမ်ကြိမ် ပြုလုပ်မိကာ ဘာလို့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ရသည်လဲ။

ဘာလို့လဲ။

Han Yunxi မှာ Long Feiye ၏မေးခွန်းကို ကြားနိုင်ခြင်း ရှိ၊ မရှိ မသေချာပေ။ သူမ မဖြေပဲ ရေရွတ်လိုက်သည်။ “အရင်ဘဝက ချစ်သူပေးတာလို့ ကြားဖူးတယ်…”

တစ်ချိန်တည်းမှာပဲ Long Feiye မှာလည်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ “အဲဒါကို အရင်ဘဝက ချစ်သူပေးတာလို့ ကြားခဲ့ဖူးတယ်……..။”

မြင်မြင်ချင်း အချစ်Where stories live. Discover now