အခန်း(၄၉)

73 16 8
                                    

အခန်း(၄၉)

လူတွေက ဘယ်မှာလဲ။






ဝေ့ပေါ် ခေါင်းစဉ်တွင် ပေါက်ကွဲသွားပြီးနောက် "တိမ်တိုက်များ၏ ဒဏ္ဍာရီ" သည် မကြုံစဖူး ပြည်သူ့ဆက်ဆံရေး အကျပ်အတည်းသို့ ကျရောက်သွားတော့သည်။

Han Yunxi မှာ ချင်းယွမ်သို့ စက်ဘီးစီးလာနေစဉ် ဝေ့ပေါ် တွင် သတင်းအသစ် ထွက်ပေါ်လာခဲ့သည်။ တိမ်တိုက်များ၏ဒဏ္ဍာရီ မှ ကစားသမားများ၏ အချက်အလက်ပေါက်ကြားမှုသည် ကိုယ်ကျိုးစီးပွားအတွက် တစ်စုံတစ်ဦးမှ ခိုးယူလာခြင်းကြောင့် ဖြစ်ကာ ထိုလူသည် လုံမိသားစု လုပ်ငန်းစု သူဌေး Long Feiye နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေကြောင်းပင်။ Ning Cheng ထံမှ ဖုန်းလက်ခံရရှိသောအခါတွင် Han Yunxi မှာ သူမ၏စက်ဘီးကို ရပ်လိုက်စဖြစ်သည်။

"Ning Cheng၊ ဒါက အရမ်းထူးဆန်းတာပဲ၊ ဒီလိုလျှို့ဝှက်ထားတဲ့ကိစ္စကို သိတဲ့သူတိုင်းက လက်ငါးချောင်းနဲ့ ရေတွက်လို့ရတယ်။" Han Yunxi မှာ လေးနက်စွာပြောလိုက်သည်။

ရဲများအပြင် Long Feiye၊ Tang Li နှင့် Chu Xifeng မှသာ ဤကိစ္စကို သိထားသည်။ Chu Xifeng မှာ နောက်ခံအချက်အလက်ကို စုံစမ်းစစ်ဆေးရန် နည်းပညာဝန်ထမ်းများအား တောင်းဆိုခဲ့သော်လည်း ထိုနည်းပညာဝန်ထမ်းများမှာ Tang Li ၏တည်ရှိမှုကို မသိခဲ့ပေ။

"မင်းနဲ့ငါကလွဲရင် ဘယ်သူမှမရှိတော့ဘူး။" Ning Cheng မှာလည်း ပဟေဌိဖြစ်နေသည်မှာ ကြာပြီပင်။

Long Feiye မှာ ဤလှည့်ကွက်ကို မကစားနိုင်ပဲ Ning Jing မှာ လျှို့ဝှက်ချက်ကို ပေါက်ကြားနိုင်မည်မဟုတ်ပေ။ တစ်ခုခုမှားနေပြီပင်...

"ငါတို့က အရိပ်စောင်းတွေကို မကြောက်ဘူး။ Long Feiye က ငါတို့ကို လာရှာလိမ့်မယ်။ စိတ်မပူပါနဲ့။" Ning Cheng မှာ သူမကို ဆက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

Han  Yunxi မှာ စကားလုံးအနည်းငယ်ဖြင့် ဖုန်းချလိုက်ပြီး ကိတ်မုန့်ထုပ်ကြီးနှစ်ထုပ်ကို အမြန်ကောက်ယူကာ ချင်းယွမ်တံခါးဆီသို့ တည့်တည့်သွားလိုက်သည်။ ကံမကောင်းစွာဖြင့် သူမ ဝင်ပေါက်တံခါးကို ရောက်သည်နှင့် လုံခြုံရေးအစောင့်ထံမှ တားဆီးခံလိုက်ရသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now