အခန်း(၄၆)

83 13 4
                                    

အခန်း(၄၆)

အခွင့်အရေးကြီး။





Ning Cheng မှာ ကိစ္စကြီး အကြောင်း ပြောပြပြီးသည်နှင့် Han Yunxi မှာ ပျော်ရွှင်စွာ စားပွဲကို ရိုက်လိုက်ပြီး ပြောလိုက်သည်။ "A Cheng ၊ ကျွန်မရှင့်ကို ဒီနေ့ ကော်ဖီဝယ်တိုက်မယ်။ ရှင့် စိတ်ကြိုက်သောက်။"

Ning Cheng မှာ ပါးစပ်ထဲမှ ကော်ဖီကို ထွေးထုတ်မိလုနီးပါးပင်။ သူက နာရီကို Han Yunxi အား ပြပြီး အလေးအနက် ပြောလာလေသည်။ "ကြင်နာမှုကို အမုန်းတရားနဲ့ ပြန်ဆပ်ချင်တာလား။ မင်း တကယ်ပဲ ငါ့ကို အိပ်မပျော်အောင်လုပ်နေတာလား။"

Han Yunxi မှာ ရယ်မောလိုက်သော်လည်း မကြာခင် လေးနက်လာသည်။ "ဟေး တကယ်လို ရှင် ဒီကိစ္စကို ကိုင်တွယ်နိုင်ရင်  ရှင့်ရဲ့ နေ့ခင်းလက်ဖက်ရည် တစ်နှစ်စာ ကျွန်မ တာဝန်ယူဖို့ ဆန္ဒရှိတယ်။ ကျွန်မ ကတိတည်တယ်။"

Ning Cheng မှာ ချက်ချင်းမေးလိုက်သည်။ "မင်းမှာ ကွန်ပြူတာ ရှိလား။ ငါ့ကို ခဏ ငှားချေ။"

Han Yunxi မှာ ပဟေဌိဖြစ်သွားတော့သည်။ "ဘာလုပ်မလို့လဲ။"

Ning Cheng မှာ အလွန်အမင်း အလေးအနက်နေသည်။ " ငါက အခုပဲ စာချုပ် ရေးလိုက်မယ်။ တကယ်လို့ မင်း စာချုပ်ကို ဖောက်ဖျက်ရင် တစ်နှစ်ပတ်လုံး ထမင်းသုံးနပ်ကျွေးရမယ်။"

Han Yunxi မှာ ဝမ်းသာအားရဖြင့် Ning Cheng ၏ ပုခုံးကို ပုတ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "သွားရအောင်၊ အောင်ပွဲခံဖို့ အရင် ထမင်းသွားစားရအောင်။ ကျွန်မ ကျွေးမယ်။"

Han Yunxi မှာ Ning Cheng ဖြင့် ထွက်သွားချိန်တွင် Mask ဝတ်ထားကာ ဘေးတွင်ထိုင်နေသည့် Gu Qishao မှာ ဖြည်းညင်းစွာ လှည့်ကြည့်လာပြီး သူတို့ထံ အကြည့် ရောက်လာသည်။ Ning Cheng နှင့် Han Yunxi တို့၏ စကားအားလုံးကို သူက ကြားခဲ့သည်မှာ သေချာသည်။ သူက မျက်လုံးများကို ကျဥ်းမြောင်းလိုက်ပြီး မြေခွေးတစ်ကောင်လို ပြုံးလိုက်လေသည်။ "တိမ်တိုက်များ၏ ဒဏ္ဍာရီ … ကျစ်.. ကျစ်…ကျစ်..."

ယွင်ရှန်း၏ ပိုင်ရှင်အမျိုးသမီးမှာ ဤနေရာတွင် မရှိသည်ကို  မကြာသေးခင်ကမှ သူက ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ Han Yunxi မှာ သူ့ကို မြင်လျှင် မောင်းထုတ်ပစ်မည်ကို စိုးရိမ်ကာ  မျက်နှာဖုံးစွပ်ပြီး နေရာကိုလာခဲ့သည်။ သူက ထိုနေရာတွင် ထိုင်နေသည်မှာ ကြာပြီပင်။ Han Yunxi အား နောက်ဖေးမီးဖိုချောင်ထဲမှ ထွက်လာစေရန် ဘယ်လိုလုပ်ရမလဲ သူက စဉ်းစားနေခဲ့သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now