အခန်း(၄၁)

106 22 10
                                    

အခန်း(၄၁)

ဒုတိယအကြိမ် Wechat add ရခြင်း။





Han  Yunxi  မှာ ငွေပေးချေမှု အောင်မြင်ကြောင်း ညွှန်ပြသော "ဒင်" အသံကို ကြားလိုက်ရသည်။ သူမ ဖုန်းကို ပြန်ယူကာ မကြည့်တော့ပဲ  မတ်တပ်ရပ်လိုက်သည်။ "မစ္စတာ ထန်၊ တကယ်လို့ ဒီဆယ့်ခုနစ်ထဲက ငါးခုကို အချိန်မီ မစားရသေးရင် ကျေးဇူးပြုပြီး  လတ်ဆတ်နေစေဖို့ ရေခဲသေတ္တာထဲမှာ ထားလိုက်ပါ။ အဲ့တာအတွက် ပုံးမှာ ရေးထားတဲ့ ညွှန်ကြားချက်တွေရှိပါတယ်။ ကျေးဇူးပြုပြီး သတိထားပေးပါ။ မှာယူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" သူမ ပြောပြီးသည်နှင့် လှည့်ထွက်လာလိုက်သည်။

Long Feiye မှာ တိတ်ဆိတ်နေသော်လည်း သူမ၏ နောက်မှ ဓာတ်လှေကားထဲသို့ လိုက်လာသည်။

"မစ္စတာထန်၊ ကျေးဇူးပြုပြီးနေခဲ့ပါ။ လိုက်ပို့စရာ မလိုပါဘူး။" Han Yunxi မှာ ယဉ်ကျေးစွာပြောလိုက်သည်။

Long Feiye မှာ သူမ၏ ထေ့ငေါ့နေခြင်းကို လျစ်လျူရှုလိုက်ပြီး အလေးအနက် မေးလာသည်။ "မင်းကို ယွင်ရှန်းဆီ ခေါ်သွားရမှာလား ဒါမှမဟုတ် အိမ်ပြန်ပို့ရမှာလား။"

"မလိုပါဘူး မစ္စတာထန်၊ ရှင်က အချိုပွဲတွေကို မြန်မြန်စားသင့်တယ်။ အဲဒါတွေကို အကြာကြီးထားလိုက်ရင် အရသာကို ထိခိုက်လိမ့်မယ်။" Han Yunxi မှာ အလွန် ယဉ်ကျေးနေဆဲပင်။

Long Feiye မှာ ဘာမှ မပြောပဲ ပထမထပ်ရှိ ခလုတ်ကို နှိပ်လိုက်ပြီး မြေအောက် ကားဂိုဒေါင်ဆီသို့ ဓာတ်လှေကားကို တိုက်ရိုက် နှိပ်လိုက်သည်။

"မစ္စတာ ထန်၊ ရှင်က ယဉ်ကျေးလွန်းနေပါပြီ။ အဲဒါက တကယ်ကို မလိုအပ်ဘူး။"

Han  Yunxi  မှာ သူမ၏ မထီမဲ့မြင် ယဉ်ကျေးသိမ်မွေ့မှုကို ဆက်လက်ထိန်းသိမ်းပြီး ပထမထပ်ကို ထပ်ပြီး ဖိချလိုက်သည်။

သို့သော်၊ Long Feiye မှာ နောက်ဆုံးတွင် ဒေါသထွက်လာပြီးနောက် ပထမထပ်ခလုတ်ကို ထပ်မံနှိပ်ကာ ဖိအားပေး ပြောလိုက်လေသည်။ "အရမ်းနောက်ကျနေပြီ၊ မင်းတစ်ယောက်တည်း ပြန်သွားဖို့ မလုံခြုံဘူး၊ ငါမင်းကို ပြန်ခေါ်သွားပေးမယ်။"

Han  Yunxi  မှာ အနည်းငယ် အံ့အားသင့်သွားကာ ဘာဖြစ်သွားမှန်း မသိတော့ပေ။ ရုတ်တရက် အစောမှ သူ၏ ပြင်းထန်သော အကြည့်မှာ အလွန်ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူမ၏ ပတ်ဝန်းကျင်တွင် အလွန်အားကောင်းပြီး လွှမ်းမိုးနိုင်သူ မည်သူကိုမျှ မမှတ်မိနိုင်ပေ။

မြင်မြင်ချင်း အချစ်Where stories live. Discover now