အခန်း(၅၀)

79 16 4
                                    

အခန်း(၅၀)

အပြုသဘောဆောင်တဲ့ အဖြေတစ်ခုပေးပါ။







Ning Cheng နဲ့ သူမရဲ့ဆက်ဆံရေးကဘာလဲ။

Long Feiye ၏ ရုတ်တရက် အမေးကို ရင်ဆိုင်ရလျှင် Han  Yunxi မှာစိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း သူမ လျင်မြန်စွာ သဘောပေါက်ပြီး ဖြေလိုက်သည်။ "သူက ကျွန်မရဲ့ရှေ့နေမလို့ သေချာပေါက် ကူညီရမှာပေါ့။"

Long Feiye မှာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "သူက အရမ်းတော်တဲ့ ရှေ့နေတစ်ယောက်ပဲ။"

Han Yunxi မှာ အတော်လေး အံ့သြသွားတော့သည်။ သူက ဒေါသလျော့ပါးသွားပြီး စကားဆက်ရန် အဆင်သင့်ဖြစ်နေပုံရသည်။

အရမ်းကောင်းတယ်!

သူမနှင့် တစ်ခုခု ဆွေးနွေးနိုင်သည်။

သူမ လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ "သူက ကျွန်မရဲ့ စီနီယာဖြစ်ပြီး ကျွန်မကို အများကြီး ကူညီပေးခဲ့တယ်။"

Long Feiye မှာ ခေါင်းညိတ်ပြီး စဉ်းစားရင်း မေးလိုက်သည်။ "Ex လား။"

ကောင်းပြီ။

စီနီယာနှင့် နှင့် ဂျုနီယာ မိန်းကလေးများမှာ အထင်လွဲရန် အလွယ်ကူဆုံးဖြစ်သည်။

"မဟုတ်ဘူး။"

Han  Yunxi  မှာ ကူကယ်ရာမဲ့ပြုံးကာ သတင်း ပေါက်ကြားသွားသည့်အကြောင်းအရာသို့ ခေါင်းစဥ် ပြောင်းလဲလိုက်သည်။ "မစ္စတာလုံ၊ ဝေ့ပေါ် မှာ ဘယ်သူက လူငှားထားတယ်ဆိုတာ သိဖို့ ရှင် နည်းလမ်းရှာနိုင်မယ်ထင်တယ်။ အမှန်တရားက ထုတ်ဖော်နိုင်ကောင်းနိုင်လိမ့်မယ်။"

Long Feiye မှာ ထပ်မံ မေးလာသည်။ “လက်ရှိချစ်သူလား။"

“မဟုတ်ဘူး။”

Han  Yunxi မှာ စိတ်ပူနေပြီး ပြောလိုက်သည်။ “မစ္စတာလုံ၊ တကယ်လို့ ရှင် ကျွန်မတို့ကို မယုံသေးဘူးဆိုရင် ဝေ့ပေါ်မှာ ဒီကိစ္စကို ရှင်းပေးနိုင်တယ်။”

Long Feiye မှာ ဆက်မေးလိုက်သည်။ “ Gu Qishao ကကော ဘယ်လိုလဲ။"

Gu Qishao!!

ရှင် ဘာလို့ Gu Qishao အကြောင်းပြောနေတာလဲ။

Han  Yunxi မှာ တကယ်ကို စိတ်ရှုပ်သွားတော့သည်။ သူမတွင် ချစ်သူရှိကြောင်း ဝေ့ပေါ်တွင် ပြောခဲ့သည်ကို မေ့နေဟန်တူပြီး Long Feiye မှာ Gu Qishao ကို သူမ၏ လက်ရှိချစ်သူဟုတ်မဟုတ် လူနာခန်းတွင် မေးမြန်းခဲ့သည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now