အခန်း(၂၇)

143 24 4
                                    

အခန်း(၂၇)

အကူအညီအတွက် မေးမြန်းခြင်း။






Long Feiye မှာ ယွင်ရှန်း မှ ထွက်သွားပြီးနောက် Ajie နှင့် အခြားသူများသည် Han Yunxi ကို ဝိုင်းလာကာ အမျိုးမျိုးသော အသံဗလံနှင့် အတင်းအဖျင်းများပြောကြတော့သည်။

လူ ၉၀ ရာခိုင်နှုန်းမှာ Long Feiye မှ Han Yunxi ကို စိတ်ဝင်စားသည်ဟု ထင်ကြပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာမူ Long Feiye မှ Han Yunxi ကို အလွန်စိတ်ဝင်စားနေသည်ဟု ထင်ကြသည်။ သို့ဖြင့် Long Feiye မှာ လက်ဖက်ရည်သောက်ရန် ဆက်လက်လာမည်ဟု ၁၀၀ % သောလူများက အခိုင်အမာယုံကြည်နေကြလေသည်။

Han Yunxi မှာ အမှန်တကယ်ပင် သူတို့ကို ကြောက်လန့်လွန်းသဖြင့် မီးဖိုချောင်ထဲတွင် ပုန်းကာ ထွက်ပြေးရန် တံခါးကို သော့ခတ်လိုက်တော့သည်။ အသေအချာပင် Long Feiye မှာ လက်ဖက်ရည်သောက်ရန် ဆက်လာနေလိမ့်မည်။ အတိအကျပြောရလျှင်၊ သူက သူမအတွက် အခက်အခဲများကို ဆက်ပြီး ဖန်တီးပေးလိမ့်မည်။

Han Yunxi မှာ ကြာမြင့်စွာ တွန့်ဆုတ်နေပြီးနောက် သူမသည် Long Feiye နှင့် တစ်ခုခု ပတ်သက်နေပြီဖြစ်ကြောင်း Ning Cheng အား ပြောပြရန်  ဖုန်းကို ထုတ်လိုက်ပြီးဖြစ်သည်။ သို့သော် သူမ ဖုန်းကို လျင်မြန်စွာ ပြန်ချလိုက်ပြန်သည်။ အခြေအနေကို ကြည့်ရှုရန် Long Feiye မှာ နောက်တစ်ကြိမ် လာချိန်အထိ စောင့်သည်က ပိုကောင်းမည်ဟု သူမ စဥ်းစားလိုက်သည်။

အဆုံးတွင် အခြားသူ၏ ပိုက်ဆံများကို လှည့်စားခဲ့ပြီးနောက် သူမတွင် အပြစ်ရှိစိတ် ခံစားနေရလေသည်။

အလုပ်မှ ပြန်လာပြီးနောက် Han  Yunxi  မှာ “Quick Tea Art” ဟူသော စာအုပ်ကို အွန်လိုင်းမှ ဝယ်ယူခဲ့သည်။ Long Feiye မှ နောက်တစ်ကြိမ် သူမထံ ပြန်ရောက်လာလျှင် သာမန်အသိအမှားများ ထပ်မလုပ်မိအောင် သူ၏ လက်ဖက်ရည်ပွဲ ဗဟုသုတကို မြှင့်တင်ချင်နေသည်။

ဆေးရုံ၌ အလုပ်လုပ်သည်နှင့် မတူပဲ ယွင်ရှန်းမှာ မနက်ပိုင်းမဖွင့်သဖြင့် Han Yunxi မှာ အိပ်ရန် အချိန် အလုံအလောက်ရှိနေသည်။ သို့တိုင် ဆေးကျောင်းတက်စဥ်တည်းက သူမတွင် စောစောထတတ်သည့် အလေ့အကျင့်ကို မွေးမြူထားခဲ့သည်။ အလုပ်သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ နေ့တိုင်း ခြောက်နာရီမှာ အချိန်မှန်ထပြီး  ဘေးနားရှိ ပန်းခြံတွင် အပတ်ရေ အနည်းငယ် ပြေးတာ၊  ရေချိုး ထမင်းစားပြီးနောက် ခုနစ်နာရီခွဲ၌ အချိန်မှန်နေ့သစ်ကို စတင်လေ့ရှိသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now