အခန်း(၂၀)

147 26 2
                                    

အခန်း(၂၀)

သိချင်စိတ်။






Han  Yunxi မှာ ပျော်ရွှင်စွာ ထွက်ခွာသွားသော်လည်း ဆေးရုံဧည့်ခန်းမှာမူ သုံးမိနစ်ကြာ တိတ်ဆိတ်သွားတော့သည်။

Han Yunxi ၏ အလုပ်ကတ်မှာ Long Feiye ၏ မျက်နှာကို ထိမှန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ Long Feiye မှာ သူမ၏ နောက်ပြန်ဆုတ်သွားသော ကျောပြင်ကို စိုက်ကြည့်ကာ နှုတ်ခမ်းထောင့်ကို လျက်လိုက်ရင်း နောက်ဆုံးတွင် တစ်စုံတစ်ရာ မှားနေပြီမှန်း သိလိုက်လေသည်။

သတင်းကောင်း..

စာချုပ် ရပ်စဲတာလား…

လွတ်လပ်ပြီ…

ဒီအမျိုးသမီးက သူ့ကို တွယ်ကပ်ဖို့ စိတ်အားထက်သန်ပြီး ထွက်သွားဖို့ ငြင်းဆန် နေတာမဟုတ်လား။ သူမ အရမ်းပျော်နေတာလား။

ဒီအမျိုးသမီးက သူ့ကိုတွေ့ဖို့ လူနာခန်းကို မလာခင် Ning Cheng ကို အရင်ဖုန်းဆက်ထားပြီး လင်းယွင်က ထွက်သွားရအောင် အခွင့်အရေးယူဖို့ စိတ်ကူးထားပြီးသားလား။ ဒါဆို လူနာခန်းထဲက ပြစ်မှုက သူကို တမင် အပြစ်ပြုပြီး သူမကို မောင်းထုတ်စေချင်လို့လား။

ထို့ကြောင့် သူက နှုတ်ပိတ်ခ ၁၀၀ မီလီယံ မပေးလျှင်တောင်၊ Han Yunxi မှာ သဘောတူညီချက်အဖြစ် စာချုပ် ရပ်စဲပေးသရွေ့ Duanmu Yao ၏ အယောင်ဆောင်မှုကို ပါးစပ်ပိတ်ထားပေးမည်လား။

Long Feiye မှာ ၎င်းကို စဥ်းစားလေ တစ်ခုခုမှားလေဟု ခံစားရလေပင်။

ပြသနာ ဖယ်ရှားရန် ငွေကို လိုလိုလားလား သုံးစွဲခြင်းမှာ ကိစ္စ တစ်ခုဖြစ်ကာ အမျိုးသမီးတစ်ယောက်ထံမှ လှည့်စားခံရပြီး ငွေသုံးလိုက်ရသည်က နောက်တစ်ခုပင်။

Han Yunxi… သူ သူမကို တကယ်လျှော့တွက်ခဲ့မိတာ။

Long Feiye မှာ မြေပြင်ပေါ်ရှိ အလုပ်တံဆိပ်ကို ကြည့်ရန် ခေါင်းငုံ့လိုက်ကာ သူ၏ နက်ရှိုင်းသော မျက်လုံးများသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး အန္တရာယ်ရှိသော အအေးဓာတ် ထွက်ပေါ်လာသည်။

လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာ မြေပြင်ပေါ်ရှိ အလုပ်တံဆိပ်ကို ကောက်ယူရန် အောက်ငုံ့လိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ပြေပြစ် မွန်မြတ်ပြီး သွယ်လျသောရုပ်သွင်ကို ဘေးမှကြည့်လျှင် ပြီးပြည့်စုံလုနီးပါးဖြစ်နေသည်။

မြင်မြင်ချင်း အချစ်Όπου ζουν οι ιστορίες. Ανακάλυψε τώρα