အခန်း(၅၂)

92 17 2
                                    

အခန်း(၅၂)

သူ့ကို ကိုက်လိုက်မိခြင်း။





ညလယ် သရေစာ..

ဒါပေါ့ ငါမစားဘူး!

ယခု Han Yunxi မှာ Long Feiye ထံမှ ချက်ချင်း ထွက်လာနိုင်ပြီး သူမ အိပ်မက်မက်နေတာလားဆိုသည်အား သိနိုင်ရန် ကိုယ့်ကိုကိုယ်  နေရာရှာကာ ဆွဲဆိတ်ချင်နေသည်။ ယနေ့ညမှ ကိစ္စအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ ရုတ်ချည်းဖြစ်လာကာ လက်တွေ့မဆန်ပေ။ သူမ အိပ်မက်ထဲတွင် ထင်ထင်ရှားရှား နိုးကြားနေပြီး ဆင်ခြင်တုံတရားရှိနေသော်လည်း သတိရှိစွာ ဆင်ခြင်တုံတရားဖြင့် တုံ့ပြန်နိုင်ခြင်း မရှိပေ။

သူမ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ "မလိုပါဘူး။ မစ္စတာ လုံ၊ တကယ်ကို လိုက်ပို့ပေးစရာ မလိုပါဘူး။"

Long Feiye မှာ ထပ်မံ မေးလိုက်သည်။ "မင်း ယွင်ရှန်းကို ပြန်သွားမှာ မဟုတ်လား။"

Han Yunxi မှာ ခေါင်းကို လှည့်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ Long Feiye မှာ သူမအား စိုက်ကြည့်ခွင့်ပေးကာ အလွန် တည်ငြိမ်နေသည်။

ဓါတ်လှေကားမှ ကားဂိုဒေါင်သို့ရောက်သောအခါတွင် သူက အလွန်နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ပြောလိုက်လေသည်။ "အရမ်းနောက်ကျနေပြီ၊ အနည်းဆုံးတော့ မင်း ယွင်ရှန်းကို လုံလုံခြုံခြုံ ပြန်ရောက်ဖို့ ကိုယ်က သေချာစေရမယ်။ မဟုတ်လို့ မင်းတစ်ခုခုဖြစ်သွားရင် ကိုယ်က အကြီးဆုံးသံသယရှိသူ ဖြစ်သွားမယ်မလား။"

Han Yunxi မှာ အမြဲတစေ လျှာစောင်းထက်သူဖြစ် သော်လည်း သူ၏ ရှေ့တွင် စကားမပြောနိုင်တော့ပေ။ အဆုံးတွင် သူမ "ကျေးဇူးတင်ပါတယ်" ဟုသာ ပြောကာ ကားပေါ်တက်လိုက်လေသည်။

အမှန်တကယ်တွင်တော့ Han Yunxi မှာ နောက်ခုံတွင် ထိုင်ပြီး ထိုအမျိုးသားဖြင့် ခပ်ဝေးဝေးတွင် နေချင်ခဲ့သည်။ သို့သော် ၎င်းမှာ လွန်စွာ ရိုင်းစိုင်းနေပေလိမ့်မည်။ သူမ ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်ဆဲပင်။

နောက်ဆုံးအကြိမ်ကဲ့သို့ပင်  Han Yunxi  မှာ လက်နှစ်ဖက်ကို ပိုက်ကာ ကားထဲမှ အပြင်သို့ လှမ်းကြည့်နေစဉ်တွင် Long Feiye မှာ ကားမောင်းရန် အာရုံစိုက်နေသည်။

မြင်မြင်ချင်း အချစ်Where stories live. Discover now