အခန်း(၃၈)

103 24 2
                                    

အခန်း(၃၈)

သူမ၏ အစ်ကိုကြီး။





Mu Linger မှာ ငယ်စဉ်ကလေးဘဝကတည်းက မိဘမဲ့ဂေဟာတစ်ခုတွင် Gu Qishao နှင့် ကြီးပြင်းလာခဲ့သည်။ သူတို့က ဆွေမျိုးသားချင်းများမဟုတ်ကြသော်လည်း  အိမ်ထောင်စုစာရင်းစာအုပ်တွင် တရားဝင်ရေးထားသော မောင်နှမများဖြစ်ကြသည်မှာ ကြာပြီပင်။ Mu Linger မှ အသက်မပြည့်မီတွင် Gu Qishao မှာ သူမ၏အုပ်ထိန်းသူဟု ဆိုနိုင်သည်။

Gu Qishao မှာ အရင်းအနှီးကြီးသော သူဌေးကြီးတစ်ဦးဖြစ်ပြီး ငွေရှာနည်းကို ကောင်းစွာသိကာ ဖြုန်းတီးမှုတွင်လည်း အလွန်အမင်း လက်ဖွာသူဖြစ်သည်။

Mu Ling'er မှာမူ သူဌေးညီမတစ်ယောက် အနေဖြင့် အလွန်ရိုးရှင်းလေသည်။ ငယ်စဉ်ကလေးဘဝတည်းက ချီကိုကိုမှပေးသော စားဝတ်နေရေးစရိတ်၊ မုန့်ဖိုး၊ ကျောင်းလခ နှင့် အထွေထွေစရိတ်များအားလုံးကို စုဆောင်းထားခဲ့သည်။ အရွယ်ရောက်ခြင်း အခမ်းအနားတွင် သူမက လက်ဆောင်ပစ္စည်းကြီးများကို ငြင်းပယ်ရုံသာမက ချီကိုကိုထံ ငွေအမြောက်အမြား ပေးခဲ့သည်။

အကယ်၍ နောက်ဆုံးအားကိုးရာမဟုတ်ပါက၊ သူမ ချီကိုကို ၏ပိုက်ဆံကို မသုံးချင်တော့ပေ။

သို့သော် ထိုကဲ့သို့သော လျော်ကြေးငွေ အများအပြားကို ရင်ဆိုင်ရသဖြင့် သူမသည် အရှက်မရှိတော့ရန်သာ တတ်နိုင်သည်။

"မင်းအစ်ကိုလား။"

ယာဉ်ထိန်းရဲအရာရှိချန်မှာ အလွန်အံ့အားသင့်သွားတော့သည်။ လျော်ကြေး ယွမ် ၁၀ သန်းနီးပါးပေးရမည့်ကိစ္စမှာ အသေးအဖွဲမဟုတ်ပေ။ သူမ၏ မိဘများဆီ မသွားသင့်ပေဖူးလား။ ဤကလေးမလေးမှာ ယခုမှ အရွယ်ရောက်လာစပင် ရှိသေးသည်။

" ကျွန်မမိဘတွေ ဒီမှာမရှိဘူး။ အစ်ကို့ကိုပဲ ရှာလို့ရတယ်။" Mu Linger မှာ မိဘမဲ့ဆိုသည်ကို မည်သူမှ မသိစေလိုပေ။

သူမ ယာဉ်ထိန်းရဲထံ ချီကိုကို ဖုန်းနံပါတ်ကို အလျင်အမြန်ရေးပေးလိုက်သည်။ “ရှင် ဒီနံပါတ်ကို ခေါ်လို့ရတယ်။ ဒါက သူ့ကိုယ်ရေးကိုယ်တာ ဖုန်းနံပါတ်ပဲ။ သူက အမြဲတမ်း ဆောင်ထားတယ်။"

မြင်မြင်ချင်း အချစ်Where stories live. Discover now