အခန်း(၄)

165 31 9
                                    

အခန်း(၄)

မင်းက အဆိပ်ဆရာဝန်ဘဲ။






Han  Yunxi  မှာ အခွင့်ကောင်းယူခံလိုက်ရပြီး ချက်ချင်းပင် ပြင်းထန်စွာ ရုန်းကန်စပြုလာသည်။
သို့ရာတွင် Long Feiye မှာ အဆိပ်သင့်နေသည့်တိုင် သူ၏ လက်ခွန်အားမှာ လုံးဝပင် အားနည်းနေခြင်း မရှိပေ။ Han Yunxi မှာ ရုန်းကန်လေ Long Feiye မှာ ပွေ့ဖက်မှုမှာ ပို၍ တင်းကျပ်လာလေပင်။   Han Yunxi မှာ အလွန်အမင်း စားသောက်ခံလိုက်ရပြီး နောက်ဆုံးတွင် သူမ မလှုပ်ရှားဝံ့ပေ။

ဤသည်မှာ Han Yunxi ၏အသက်မွေးဝမ်းကြောင်းတွင် အမှတ်ရစရာ အကောင်းဆုံးအခိုက်အတန့်ဖြစ်နိုင်သည်။

သို့ရာတွင် Long Feiye အတွက် သူမ၏ မမေ့နိုင်စရာအကောင်းဆုံး ပထမဆုံး အထင်အမြင်လည်း ဖြစ်နိုင်သည်- လူရမ်းကား။

သူမ မလှုပ်ဝံ့ သကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းလာတော့သည်။ ရှက်ရွံ့ ဒေါသထွက်ကာ Gu Beiyue ထံ အော်လိုက်တော့သည်။ "ရှင် ဘာလို့ ကြောင်ကြည့်နေတာလဲ၊ ကူညီဦးလေ။"

ထိုအချိန်မှသာ Gu Beiyue မှာ သတိပြန်ဝင်လာသည်။ သူက အလွန်အမင်း ရှက်ရွံ့နေကာ နားရွက်များပင်၊ နီရဲနေလေသည်။ တစ်ချိန်တည်းတွင် သူ၏ သူဌေးမှ ဘယ်လိုအဆိပ်များ မိနေလဲ သံသယများ ပြည့်နှက်နေတော့သည်။

သူ၏ သူဌေးမှာ အမျိုးသမီးများကို ဘယ်တော့မှ မထိခဲ့ပေ။ ဘယ်လောက်ပဲ အရေးကြီးနေပါစေ သူက ဘယ်အမျိုးသမီးကိုမှ လက်ဆွဲနှုတ်ဆက်မည်ပင် မဟုတ်ပေ။
သူက အိပ်ရာမှ နိုးလာပြီး ဤကဲ့သို့ အမျိုးသမီး ဆရာဝန်ကို စော်ကားခဲ့မိသည်ကို သိလျှင် ဘယ်လို တုံ့ပြန်မည်လဲ။

Gu Beiyue မှာ ၎င်းကို စဉ်းစားရန် အချိန်မရှိပေ။ သို့တိုင် သူက အတော်လေး စဉ်းစားခဲ့သည်မှာ ထင်ရှားလှသည်။ သူက Long Feiye ၏လက်ကို လျင်မြန်သွာ ဆွဲယူလိုက်သည်။

သို့သော်….

သူက ဘယ်လောက်ပဲ ကြိုးစား ဆွဲထုတ်နေပါစေ Long Feiye ၏ လက်များကို မဆွဲနိုင်ပေ။

သူက စိတ်ပူကာ  မေးလိုက်လေသည်။ "ဒေါက်တာဟန်၊ ကျွန်တော် ဘာလုပ်ရမလဲ။"

Han Yun Xi မှာ ဒေါသထွက် နေသော်လည်း သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုအနည်းငယ်ရှိဖြင့် စိတ်လွတ်လုနီးပါးဖြစ်နေသည်။ သူမ Gu Beiyue ကို ထပ်မံ အော်လိုက်ပြန်သည်။ " ကျွန်မ ဘာလုပ်ရမယ်ဆိုတာ သိရင် ရှင့်အကူအညီလိုဦးမှာလား။"

မြင်မြင်ချင်း အချစ်Where stories live. Discover now