အခန်း(၅၈)

83 15 4
                                    

အခန်း(၅၈)

မူးယစ်စေသော အဆိပ်မိန်းကလေး။





Gu Qishao မှာ တံခါးဝမှ Gu Beiyue ကို ကြည့်ပြီး ရင်းနှီးပုံရသည်ဟု ထင်နေသော်လည်း ယခင်က သူ့ကို ဘယ်နေရာတွင် တွေ့ဖူးခဲ့မှန်း မမှတ်မိတော့ပေ။

ဒီကောင် ဘယ်လိုရောက်လာတာလဲ။

"မင်းကဘယ်သူလဲ။" Gu Qishao မှာ ဒေါသတကြီးမေးလိုက်သည်။

"ကျွန်တော်တို့ လင်းယွင် ဆေးရုံမှာ တွေ့ခဲ့တယ်။ မင်းမေ့သွားပြီလား။" Gu Beiyue မှာ ညင်သာစွာ ပြုံးပြပြီး အထူးသဖြင့် မိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် သိမ်မွေ့လှသည်။

ထိုမှသာ Gu Qishao မှာ သတိရသွားပြီး ပို၍ပင် သံသယဝင်လာတော့သည်။ "တစ်ခုခုမှားနေလို့လား။"

Gu Beiyue မှာ လက်ထဲရှိ ဝိုင်ပုလင်းနှစ်ပုလင်းကို မြှောက်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ကျွန်တော်က မင်းရဲ့ အောက်ထပ်မှာနေတာ။ ကျွန်တော် သောက်ချင်နေပေမယ့် တစ်ယောက်မှမတွေ့ဘူး။ "

အောက်ထပ်!!

Gu Qishao မှာ ၃၇ ထပ်တွင်နေထိုင်ပြီး အလွတ်ဖြစ်သည့် အောက်ထပ် ၃၆ ထပ်ကိုလည်း ဝယ်ယူခဲ့သည်။

"သုံးဆယ့်ငါးထပ်…" Gu Beiyue မှာ ပြုံးပြီး မေးလိုက်သည်။ "နှစ်ပေါင်းသုံးထောင်ရေခဲပင်လယ်ကလုပ်ထားတဲ့ ရေခဲဝိုင်။ မင်းစိတ်ဝင်စားလား။"

Gu Qishao မှာ ဝိုင်ကို စိတ်မဝင်စားပဲ မလိုအပ်လျှင် မသောက်ပေ။

သို့သော်လည်း သူက သဘောတူပြီး Gu Beiyue ကို အထဲဝင်လာရန် ဖိတ်ခေါ်လိုက်သည်။ ယနေ့ သူ၏ စိတ်အခြေအနေမှာ မူးရန် သင့်လျော်နေကာ အခြားအကြောင်းပြချက်မရှိပေ။

Gu Beiyue မှာ ဝိုင်ပုလင်းနှစ်ပုလင်းကို ဘားပေါ်တင်လိုက်ပြီး မေးလိုက်သည်။ "မင်းမှာ ခွက်ရှိလား။"

"ဘာခွက်လို လို့လဲ။"

Gu Qishao မှာ သူ့ကို အထင်အမြင်သေးဟန်ဖြင့် ကြည့်ကာ ဝိုင်ပုလင်းကို ကောက်ယူပြီး လှေကားထစ်သို့ လျှောက်သွားလိုက်သည်။ သူ၏ အထီးကျန်နေသော ကျောပြင်ကို ကြည့်လိုက်ရင်း Gu Beiyue မှာ အနည်းငယ် ပြုံးလိုက်သည်။ သူက အနည်းငယ် အကူအညီမဲ့နေပြီး အနည်းငယ် စိတ်ဆင်းရဲနေမိသည်။

မြင်မြင်ချင်း အချစ်On viuen les histories. Descobreix ara